နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်ဆိုပြီး BGF ထုတ်ပြန်

စက်တင်ဘာလ (၅)ရက်။

စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကူညီသွားမယ်ဆိုပြီး နယ်ခြားစောင့်တပ်(BGF)က စက်တင်ဘာလ (၃)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

BGF ရဲ့ ထုတ်ပြန်ချက်ထဲ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ပြီး တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့ အရေးပါတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် BGF အနေနဲ့ အဲ့ဒီရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအပေါ် ခွဲခြားတာမရှိဘဲ တရားမျှတစွာ ကူညီပြီး မဲပေးတဲ့သူတွေကို အန္တရာယ်မရှိအောင် အထူးကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံကာ ကရင်ပြည်ထဲ ရွေးကောက်ပွဲတွေကို ကျင်းပနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ကူညီသွားမယ်လို့ BGF က ပြောဆိုထားပါသေးတယ်။

KNU ကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ သူတို့ကို အကျိုးပြုမယ့် လူနဲ့ပါတီ ရွေးချယ်ပွဲဖြစ်ပြီး ပြည်သူအားလုံး မပါဝင်နိုင်တဲ့အတွက် လုံးဝ လက်မခံဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲ့ဒီရွေးကောက်ပွဲမှာ ကရင်ပြည်သူတွေ၊ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ကရင်နိုင်ငံရေးအင်အားစုတွေအနေနဲ့ ပါဝင်တာမပြုဘဲ အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ကြဖို့ကိုလဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ရဲ့မွေးနေ့အတွက် NUG ဂုဏ်ပြုဆုတောင်းလွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 32 Views
နိုဝင်ဘာလ (၈)ရက်။ ဒီကနေ့မှာကျရောက်တဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အတွက် NUG က ‌ဂုဏ်ပြုဆုတောင်းလွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နွေဦးတော်လှန်ရေးအလှည့်ပြောင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 31 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၀) ဒီအပတ်မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူနှစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က CRPH က အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့
မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 54 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုမြို့အထွက် ပေကုန်းရွာရေတံခါးအနီးမှာ အင်အား (၅၀)လောက်နဲ့ လမ်းကင်းယူနေတဲ့ စခတွေကို
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 47 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်အနေနဲ့ ‌တပ်တော်ဝင်တဲ့ အခမ်းအနားကို ၂၀၁၀ခုနှစ်ကစပြီး (၁၅)နှစ်တာကာလထဲ (၁၅)ကြိမ်တိုင်တိုင် ပြုလုပ်ကာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 49 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 50 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 47 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 45 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့