နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

ဒီဇင်ဘာလ (၅)ရက်။

သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

“ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က ညဘက် စစ်အုပ်စုက (၂၉)လမ်း၊ (၈၄*၈၅)လမ်းက ဈေးဆိုင်တွေကို လမ်းတွေပိတ်ပြီး ဝင်မွှေသွားတာ။ ဆိုင်ခန်းတွေကိုလဲ ဖျက်သီးသွားတယ်” လို့ ဆိုပါတယ်။

စစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ ဆန္ဒပြခဲ့တဲ့နေရာကို မနေ့က ညပိုင်းအချိန်မှာ ပိတ်ဆို့စီးနင်းတာတွေ ပြုလုပ်ပြီး ဈေးသည်တွေကို ရန်ပြုကာ ဈေးဆိုင်တွေကို အင်အားသုံး ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို သပိတ်ခေါင်းဆောင် ဒေါက်တာတေ‌ဇာဆန်း ဆန္ဒပြခဲ့တဲ့နေရာက ဈေးဆိုင်တွေကို ဖျက်ဆီးတာနဲ့ပတ်သက်ပြီး စစ်လော်ဘီတွေက တယ်လီဂရမ်ချန်နယ်တွေမှာ အောင်ပွဲခံ သတင်းဖြန့်တာတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် မန္တလေးမြို့လယ်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြတာကို သပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်းနဲ့ ကိုခန့်ဝေဖြိုးတို့ ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလို လုံခြုံရေးတင်းကြပ်ထားချိန် မြို့လယ်ပေါ်အထိ တက်ရောက်ဆန္ဒပြခဲ့တာကို စစ်အုပ်စုက ခံပြင်းဒေါသထွက်နေပြီး ဖမ်းမိသူတွေကို သတ်ဖြတ်မယ်လို့လဲ ‌ဆဲဆိုခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

အခုအခါမှာတော့ မန္တလေး ဈေးချိုတော်အနီး စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သပိတ်ခေါင်းဆောင်တွေအားလုံး ဘေးကင်းတဲ့နေရာကို ရောက်ရှိနေပြီလို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့