နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်စစ်ရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေတစ်စီးကို ဟိုင်းကြီးကျွန်းနား စစ်ကောင်စီရေတပ်က ဖမ်းဆီးထိန်းသိမ်းထား

ဇန်နဝါရီလ (၆)ရက်။

ဇန်နဝါရီလ (၂)ရက်နေ့က ရခိုင်စစ်ဘေးရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေကြီးတစ်စီးကို စစ်ကောင်စီရေတပ်က ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ငပုတော ဟိုင်းကြီးကျွန်းနား ရေလယ်မြစ်ဝမှာ ရခိုင်ဘက်က စစ်ရှောင်စက်လှေတစ်စီး ရောက်နေတယ်လို့ သိရပါတယ်။ အဲ့ဒီစက်လှေကို ဟိုင်းကြီးကျွန်းရေတပ်အကြမ်းဖက်တွေက ကမ်းကပ်ခွင့်မပေးဘဲ ထိန်းသိမ်းထားတယ်” လို့ ဆိုပါတယ်။

ရခိုင်ဘက်ကနေ စစ်ရှောင်လာတဲ့ စက်လှေကြီးကို ဟိုင်းကြီးကျွန်းရှိ စစ်ကောင်စီရေတပ်က ကမ်းကပ်ခွင့်မပေးဘဲ ခေတ္တထိန်းသိမ်းထားကာ အနီးရှိ ဒေသခံတွေက စားနပ်ရိက္ခာ‌တွေ သွားရောက်လှူဒါန်းတာတွေရှိတယ်လို့ သိရပါတယ်။

“ အဲ့ဒီစက်လှေက မာန်အောင်ကျွန်းကနေ ထွက်လာပြီး ရတ်ကုန်ဘက်ကို သွားမယ်လို့ သိရတယ်။ စစ်ရှောင်ဦးရေက စုစုပေါင်း (၂၀၀)လောက်ပါတယ်” လို့ ‌သူက ဆက်ပြောပါတယ်။

နောက်ပြီး ဇန်နဝါရီလ (၅)ရက်နေ့ကစပြီး ပုသိမ်မြို့မှာ ၅/ နဲ့ ၁၁/ မှတ်ပုံတင်နံပါတ်ကိုင်ဆောင်သူတွေကို ပုသိမ်-ရန်ကုန် ကားလက်မှတ်တွေ မရောင်းချဖို့ဆိုပြီး နှုတ်မိန့်နဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ်ဘက်ကနေ ရန်ကုန်ဘက်ကိုလာတဲ့ ဗိုလ်မြတ်ထွန်းတံတားပေါ်နဲ့ ရန်ကုန်ကနေ ပုသိမ်ဘက်အဆင်း ပန်တိုင်ဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက မှတ်ပုံတင်စစ်ဆေးကာ ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 0 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 4 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 11 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၈)ရက်နေ့က ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ မူးမြို့နယ်ရှိ နိုကလော်၊ တောင်စုအရှေ့/အနောက်၊ နိုတောတာ၊
မြန်မာသတင်း

မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းတာအပါအဝင် မဟာဗျူဟာ နည်းလမ်း (၆)ခုကို အကောင်အထည်ဖော်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 13 Views
ဧပြီလ (၃၀)ရက်။ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာဦးတည်ချက် (၆)ချက်ကို ရရှိနိုင်ဖို့အတွက် မဟာဗျူဟာ နည်းလမ်း (၆)ခုကို သတ်မှတ်အကောင်အထည်ဖော်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနည်းလမ်း (၆)ခုထဲ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊
မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT
မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေက မြို့နယ်၊ ဇုန်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေးကိစ္စအပါအဝင် နယ်မြေထဲရှိ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး ချမ်းမြသာစည်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့