နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

ဝီဂါလူမျိုးတွေကို ပြန်လည်နေရာချပေးဖို့ အမေရိကနဲ့ကနေဒါက ကမ်းလှမ်းခဲ့ပေမယ့် တရုတ်ကြောက်တဲ့ ထိုင်းအစိုးရက ကမ်းလှမ်းမှုတွေကို လစ်လျူရှုခဲ့ဟုဆို

+++++++++++++++++++++++++++++++

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါလူမျိုး ၄၈ ဦးကို ပြန်လည်နေရာချထားပေးဖို့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ကမ်းလှမ်းခဲ့ပေမယ့် ထိုင်းအစိုးရက တရုတ်အစိုးရနဲ့ ဆက်ဆံရေးပျက်မှာ စိုးရိမ်ပြီး တစုံတရာဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းက ဝီဂါလူမျိုး ၄၈ ဦးကို ပြည်နှင်ဒဏ်ပေးပြီး တရုတ်နိုင်ငံကို ပြန်ပို့လိုက်တာကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ အဲဒီဝီဂါလူမျိုးတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြန်လည်နေရာချထားပေးဖို့တောင်းဆိုခဲ့ကြပေမယ့် ထိုင်းအစိုးရကတော့ မိမိတို့အနေနဲ့ လူ့အခွင့်အရေးတာဝန်၀တ္တရားတွေအတိုင်း ဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရဟာ မွတ်စလင်ဘာသာဝင် ၁၀ သန်းခန့်ရှိတဲ့ နိုင်ငံရဲ့မြောက်ပိုင်း ရှန်ကျန်းဒေသမှာ လူနည်းစုဖြစ်တဲ့ ဝီဂါလူမျိုးတွေအပေါ် မတရားညှင်းပန်းဖိနှိပ်မှုတွေပြုလုပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲနေကြ တာဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရကတော့ အဲဒီစွပ်စွဲမှုတွေအားလုံးကို ငြင်းဆိုထားပါတယ်။ ဝီဂါလူမျိုး ၄၈ ဦးနဲ့ပတ်သက်ပြီး ပြန်လည်နေရာချထားရေးအတွက် ဘယ်နိုင်ငံကမှ ကမ်းလှမ်းခဲ့ခြင်းမရှိဘူးလို့ ထိုင်းဒုဝန်ကြီးချုပ် ဝီချာရာချိုင်းက ပြီးခဲ့တဲ့ တနင်္လာနေ့က အတိအလင်းပြောဆိုခဲ့ပါတယ်။ “ကျတော်တို့ ၁၀ နှစ်ကြာစောင့်ခဲ့ပြီးပြီ။ နိုင်ငံကြီးတော်တော်များများနဲ့ ဒီကိစ္စအပေါ်ဆွေးနွေးခဲ့ပေမယ့် ဘယ်သူကမှ သေချာ မပြောခဲ့ဘူး”လို့ ဝီချာရာချိုင်းက ပြောပြခဲ့တာပါ။

ဒါပေမယ့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ဝီဂါလူမျိုး ၄၈ ဦးကို မိမိတို့ ပြန်လည်နေရာချထားဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် ထိုင်းနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက် ခဲ့ခြင်း မရှိဘူးလို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ အလားတူ ကနေဒါ နိုင်ငံကလည်း ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ဝီဂါလူမျိုးတွေကို ပြန်လည်နေရာချထားဖို့ သံတမန်တွေက တဆင့်ကမ်းလှမ်းခဲ့ကြောင်း သတင်းရင်းမြစ် ၄ ခုက ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ထိုင်းအစိုးရက တရုတ်နဲ့ဆက်ဆံရေးပျက်ယွင်းမှာကို စိုးရိမ်တာကြောင့် ကမ်းလှမ်းမှုတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ဘူးလို့ လေ့လာသူတွေက ထောက်ပြခဲ့ကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 23 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ရန် ထရန့်က နောက်ဆုံးအချိန် ရာဇသံပေးလိုက်သော်လည်း အီရန်က ယာယီအပစ်အခတ်ရပ်စဲရေးကို ငြင်းပယ်လိုက်သည်။

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အလွန်အရေးပါသော ကုန်သွယ်ရေးရေလမ်းကြောင်းနှင့် ပတ်သက်၍ ထရန့်နှင့် အီရန်တို့သည် အပြန်အလှန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် အီရန်အဆင့်မြင့် အရာရှိ နှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ ထရန့်၏ မဆုံးဖြတ်နိုင်ဖြစ်‌နေမှုသည် သူ သူခွင့်ပြုတာထက် ပိုမိုအရေးကြီးနေခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် “အမေရိကန်ပြည်ထောင်စုဟာ ဟော်မုဇ် ရေလက်ကြားကနေ ရေနံတင်သွင်းတာမျိုး လုံးဝမရှိသလောက်ပါပဲ၊ နောင်မှာလည်း တင်သွင်းမှာမဟုတ်ဘူး။ ကျွန်တော်တို့ အဲဒါကို မလိုအပ်ဘူး။ အရင်ကလည်း မလိုအပ်ခဲ့ဘူး၊ အခုလည်း
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

CNN သတင်းအဖွဲ့ကို အစ္စရေးစစ်သားများက ကိုယ်ထိလက်ရောက် စော်ကားဖမ်းဆီးခဲ့သည့် အနောက်ဘက်ကမ်းခြေ ကျေးရွာအနီးတွင် အစ္စရေးအခြေချနေထိုင်သူများ တရားမဝင် စခန်းသစ်တစ်ခုကို ထပ်မံတည်ဆောက်

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် အစ္စရေးအခြေချနေထိုင်သူ အများအပြားသည် ဗုဒ္ဓဟူးနေ့တွင် တာယာဆေးရ်ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး ရွာအစွန်၌ တရားမဝင်စခန်းသစ်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ၎င်းသည် စခန်းတည်ထောင်မှုနှင့် ပတ်သက်၍ CNN ၏
တရုတ် နိုင်ငံတကာသတင်း

‘စနစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု’ ကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတွင် အလိုအလျှောက် မောင်းနှင့်သောတက္ကစီ ( robotaxi) များ ရပ်တန့်သွားကြောင်း ရဲတပ်ဖွဲ့ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 20 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၅ ရက် ပေကျင်း (ရိုက်တာ) — တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် Baidu ကုမ္ပဏီ၏ Apollo Go မှ မောင်းနှင်သည့် ရိုဘိုတက္ကစီ (လူမပါဘဲ