နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပဲခူး-ရခိုင်အစပ်ရှိ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ထုတ်ပြန်

စက်တင်ဘာလ (၆)ရက်။

ပဲခူးတိုင်းနဲ့ ရခိုင်ဒေသ ထိစပ်နေတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က မရပ်မနား ထိုးစစ်ဆင်တာတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စကမက သူတို့ရဲ့ စကခ(၁၇)အပြင် စကခ(၁၄)က တပ်ရင်းတွေမှာ စစ်မှုထမ်းသင်တန်းက သင်တန်းဆင်း‌တွေနဲ့ စုဖွဲ့ထားတဲ့ တပ်ရင်းတွေကို အသုံးပြုပြီးတော့ ပဲခူးတိုင်းနဲ့ ရခိုင်ဒေသ ထိစပ်နေတဲ့ နေရာတွေကို ထိုးစစ်ဆင်နေတာ” လို ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စကခ(၁၇)အပြင် စစ်မှုထမ်းသင်တန်းဆင်း ရဲဘော်သစ်တွေနဲ့ စုဖွဲ့ထားတဲ့ စကခ (၁၄)က တပ်ရင်းတွေကို အသုံးပြုပြီး ပဲခူး-ရခိုင် ထိစပ်နေတဲ့ နေရာတွေကို အင်အား (၁၅၀၀)ခန့်နဲ့ ထိုးစစ်ဆင်နေတာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး စက်တင်ဘာလ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီ (၂၁)မိနစ်ကလဲ မကွေးတိုင်း ငဖဲမြို့အနီးမှာ စစ်ကောင်စီရဲ့ စကခ(၁၇)လက်အောက်ခံ ခမရ(၅၇၄)နဲ့ ဖလအခွဲ(၉၄၅)တပ်တို့ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းနဲ့ AA တို့ (၂)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် အလောင်းတွေနဲ့အတူ ကျောပိုးအိတ်အများအပြားကို ထားခဲ့ပြီး တပ်လန်ကာ ဆုတ်ခွာသွားခဲ့ရတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ‌မကွေးတိုင်း ဂုတ်စည်းရိုးဒေသ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ(၉၉)ဌာနချုပ်ရဲ့ (၉၉၂)နည်းဗျူဟာအဖွဲ့က ဒုဗိုလ်မှူးကြီး ကျော်ကျော်သက်နဲ့ ယာယီနည်းဗျူဟာမှူးတို့နဲ့အတူ ဗျူဟာရုံးအဖွဲ့ဝင် (၁၇)ဦးကို AA က ဖမ်းမိခဲ့တယ်လို့လဲ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပဲခူးတိုင်း ပန်းတောင်မြို့နယ်ရှိ ဆင်လမ်ရွာအနီးအပါအဝင် ညောင်ရိုးရွာအနီးနဲ့ ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်က စက်စက်ယိုရွာအနီးတို့ကို နေ့တိုင်း ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ ဧရာဝတီတိုင်း-ရခိုင်အစပ်နဲ့ မကွေးတိုင်း-ရခိုင်အစပ်က စစ်ရှုံးထားတဲ့နေရာတွေကို ပြန်ရဖို့ ကြိုးစားနေသလို စစ်တွေနဲ့ ကျောက်ဖြူမြို့က လက်ကျန်စခန်းတွေ မကျဖို့ ထိုးစစ်ဆင်နေပေမယ့် အထိအခိုက် အကျအဆုံးတွေနဲ့သာ ဆက်လက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

AA အနေနဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်တဲ့ တိုက်ပွဲတွေဟာ အခုဆို (၂)နှစ်နီးပါးရှိလာပြီဖြစ်ပေမယ့် လက်ကျန်ရည်မှန်းချက်တွေ အပြည့်အဝရရှိတဲ့အထိ ရခိုင်ပြည်သူနဲ့အတူ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့