ဒီဇင်ဘာလ (၆)ရက်။
မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ နေအိမ်တွေပျက်စီးပြီး စုစုပေါင်း (၁၈)ဦး ပွဲချင်းပြီး သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ မရကန်ရွာကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့သလို ပြည်သူစုစုပေါင်း (၁၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီး အဲ့ဒီအထဲ အသက်အန္တရာယ်စိုးရိမ်ရသူတွေလဲရှိနေကာ အခြေအနေကို ဆက်လက်စောင့်ကြည့်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အဲ့ဒီဖြစ်စဉ်မှာ သေဆုံးသူတွေထဲ (၅)နှစ်အောက်ကလေးငယ် (၂)ဦးနဲ့ အမျိုးသမီးတွေလဲ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲ လေကြောင်းနဲ့ တိုက်ခိုက်သတ်ဖြတ်တာကို ဆက်တိုက်ပြုလုပ်နေတာကြောင့် အထူးဂရုစိုက်နေထိုင်ဖို့ မြို့နယ်ပအဖက တိုက်တွန်းထားတယ်လို့ သိရပါတယ်။











