နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

လျှပ်စစ်မီး မှန်အောင်မပေးနိုင်တဲ့ စစ်ကောင်စီက တရားမဝင် ဓါတ်အားသုံးစွဲတာတွေကို အထူးအဖွဲ့တွေ ဖွဲ့စည်းစစ်ဆေးဖို့စီစဉ်နေ

မတ်လ (၇)ရက်။

တရားမဝင် ဓါတ်အားသုံးစွဲတာတွေ မရှိစေဖို့ အထူးစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ပုံမှန်စစ်ဆေးဖော်ထုတ်သွားဖို့ စစ်ကောင်စီဝန်ကြီး တင်အောင်ဆန်းက မနေ့ကပြုလုပ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ ဓါတ်အားစနစ်ထဲ ဓါတ်အားခ ပျောက်ဆုံးတာနဲ့ ဓါတ်အားခဆုံးရှုံးတာတွေ လျော့နည်းပြီး နိုင်ငံဘဏ္ဍာ တိုးတက်ဖို့အတွက် အထူးစစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ပုံမှန်စစ်ဆေးဖော်ထုတ်ဖို့ လိုတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာအထူးစစ်ဆေးရေးအဖွဲ့တွေကို ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ဖွဲ့စည်းပြီး ပုံမှန်စစ်ဆေးဖော်ထုတ်ဖို့ ပြောဆိုထားပေမယ့် စစ်ရုံးစိုက်တဲ့ နေပြည်တော်နယ်မြေကိုတော့ ထည့်သွင်းပြောဆိုထားတာ မတွေ့ရပါဘူး။

စစ်ကောင်စီဟာ ကာလတိုထဲ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်ကနေ ဓါတ်အားထုတ်လုပ်တာတွေကို အမြန်အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ညွှန်ကြားထားကာ ဦးစားပေးလုပ်ငန်းအနေနဲ့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတွေကို ဓါတ်အားစနစ်နဲ့ ချိတ်ဆက်တာအပြင် ဝေးလံကျေးလက်ဒေသတွေအတွက် ဓါတ်အားစနစ် ပြင်ပ သီးခြားဆောင်ရွက်နိုင်ဖို့ ကူညီသွားမယ်လို့ သူက ပြောဆိုထားပါသေးတယ်။

ပြည်တွင်းမှာ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ရဲ့ တဝက်နီးပါးကိုသာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်တော့တဲ့ စစ်ကောင်စီဟာ နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားစနစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ အသည်းအသန် ကြိုးစားနေတာပါ။

ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာပါ လျှပ်စစ်မီးကို အလှည့်ကျပေးနေတဲ့ စစ်ကောင်စီဟာ လျှပ်စစ်ဓါတ်အားခ တိုးကောက်သလို အခုအခါ တရားမဝင် ဓါတ်အားသုံးစွဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တဖက်‌ကနေ ငွေညှစ်ဖို့ ကြိုးစားနေတာလို့ ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 38 Views
အောက်တိုဘာလ (၁၃)ရက်။ စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊
မြန်မာသတင်း

မိတ္ထီလာမှာ ကင်းလှည့်နေတဲ့ ရဲကားတစီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ မနေ့က နံနက် (၁)နာရီကျော်အချိန်က မိတ္ထီလာမြိုအနောက်ဘက်ကနေ ကင်းလှည့်ပြီးပြန်လာတဲ့ ရဲကားကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို Satan UG
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ မိုင်းလုံမြိုကို စစ်တပ်က (၂)ရက်ဆက်တိုက် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 20 Views
အောက်တိုဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ (၂)ရက်တာထဲ မိုင်းလုံမြိုနယ်ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁)နာရီခွဲအချိန်က
မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 22 Views
အောက်တိုဘာလ (၁၃)ရက်။ စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 40 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ် မဲစာရင်းအမှားများနဲ့ဘူးလက် အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်” တို့ဖြစ်ပါတယ်။ ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့
မြန်မာသတင်း

တိုင်းဗဟိုသင်တန်းကျောင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အလင်းဝင်လာတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 56 Views
အောက်တိုဘာလ (၁၁)ရက်။ အခုလထဲ စစ်တပ်ရဲ့ တိုင်းဗဟိုအမှတ်(၁၂) လေ့ကျင့်ရေးသင်တန်းကျောင်းက တပ်သား (၄)ဦး လက်နက်မဲ့ အလင်းဝင်လာခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်မူးလားမြို့နယ်ထဲ စစ်တပ်ရဲ့ လေ့ကျင့်ရေးသင်တန်းကျောင်းကနေ အောက်တိုဘာလ (၅)ရက်နေ့က
မြန်မာသတင်း

ဒိုက်ဦးထောင်မှာ နိုင်/ကျဉ်း(၁၇)ဦး လူစုလူဝေးလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ခံထားရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 39 Views
အောက်တိုဘာလ (၁၁)ရက်။ ‌ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို ထောင်ထဲ လူစုလူဝေးပြုလုပ်တယ်ဆိုပြီး မတရား ဒေါက်ခတ်တိုက်ပိတ်ထားတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနိုင်ငံရေးအကျဉ်းသား (၁၇)ဦးကို အောက်တိုဘာလ (၂)ရက်နေ့ကစပြီး (၅)ယောက်တစုနှုန်း လူခွဲကာ
မြန်မာသတင်း

ဘီးလင်းမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကျောင်းသား (၅)ဦးသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်
  • 34 Views
အောက်တိုဘာလ (၁၁)ရက်။ အောက်တိုဘာလ (၉)ရက်နေ့ ည(၈)နာရီကျော်အချိန်က ဘီးလင်းမြို့ ပျဉ်းမပင်ဆိပ်ရွာရှိ ကဘောယူပလောနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ ည(၈)နာရီ (၁၀)မိနစ်မှာ