မတ်လ (၇)ရက်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဖြစ်တဲ့ ခွန်ဗဟန်းထန်ကို တာဝန်ကနေ အနားယူခွင့်ပြုခဲ့တယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်ကို အမိန့်အမှတ် (၁၁/၂၀၂၅)နဲ့အတူ NUG ဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက တာဝန်ကနေ အနားယူခွင့်ပြုခဲ့တာလို့ ဆိုပါတယ်။
အခုနှစ်ထဲ NUG အစိုးရအဖွဲ့မှာ ပြုပြင်ပြောင်းလဲတာတွေ အများအပြားရှိမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့ပြီးနောက်မှာ ဝန်ကြီးအဆင့် အနားယူတာတွေ ရှိလာတာပါ။
NUG လူ့အခွင့်အရေးဒုဝန်ကြီးအနေနဲ့ ခွန်ဗဟန်းထန်နဲ့ ဦးအောင်ကျော်မိုးတို့က တာဝန်ယူခဲ့ရာက အခုအချိန်မှာတော့ ဦးအောင်ကျော်မိုးက ဒုဝန်ကြီးအနေနဲ့ ဆက်လက် တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။
တာဝန်ကနေ အနားယူသွားတဲ့ ခွန်ဗဟန်းထန်ကို လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီးအနေနဲ့ ၂၀၂၁ခုနှစ် မေလမှာ CRPH က ခန့်အပ်ခဲ့တာလို့ သိရပါတယ်။
