နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ဘေးသင့်ချိန် စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး (၆၃)ကြိမ် တိုက်ခိုက်ခဲ့

ဧပြီလ (၅)ရက်။

ငလျင်ဘေးသင့်ချိန် အကြမ်းဖက်စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး (၆၃)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခဲ့တဲ့ အကြိမ်ရေ (၆၃)ကြိမ်ဟာ ငလျင်ဘေးသင့်ချိန် တပတ်တာကာလထဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၆၈)ဦး သေဆုံးခဲ့ပြီး အဲ့ဒီအထဲ ကလေးငယ် (၁)ဦးနဲ့ အမျိုးသမီး (၁၅)ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စုစုပေါင်း (၆၁)ဦးနဲ့ အများဆုံးဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ (၄၉)ဦးရှိခဲ့ကာ တိုက်ခိုက်ခံရတဲ့ဒေသ (၁၁)ခုအထိရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ခိုက်တာတွေမှာ ငလျင်ဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲမှာ (၁၃)ကြိမ်နဲ့ မန္တလေးတိုင်းထဲ (၈)ကြိမ်ပါဝင်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ဒါ့အပြင် မနေ့က ညနေ (၄)နာရီ (၄၉)မိနစ်အချိန်ကလဲ စဉ့်ကူးမြို့ပေါ်ကို စစ်ကောင်စီရဲ့ တံတားဦးလေတပ်စခန်းဌာနချုပ်ကနေ YAK-130 လေယာဉ်နဲ့ ဗုံး (၁)လုံးကြဲချခဲ့ရာ ပြည်သူ (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ MOD က ထုတ်ပြန်ထားပါတယ်။

ဧပြီလ (၂)ရက်နေ့ကစပြီး ရက်ပေါင်း (၂၀)ကြာ ယာယီအပစ်ရပ်တယ်လို့ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ထားတာဟာ နိုင်ငံတကာမှာ မျက်နှာရအောင် လီဆယ်လှည့်ဖြားတာသာဖြစ်တယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေး (၄)နှစ်ထဲ ရဲဘော် (၆၇)ဦး ကျဆုံးခဲ့တယ်လို့ CDF-ထန်တလန် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 1 Views
ဧပြီလ (၇)ရက်။ တော်လှန်ရေး (၄)နှစ်တာကာလထဲ ရဲဘော် (၆၇)ဦး ကျဆုံးခဲ့တယ်လို့ CDF-Thantlang ရဲ့ မနေ့က (၄)နှစ်ပြည့် အထိမ်းအမှတ်မှာ
မြန်မာသတင်း

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် ကနေဒါက ကန်ဒေါ်လာ (၁၀)သန်းနီးပါး ထောက်ပံ့

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 1 Views
ဧပြီလ (၇)ရက်။ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ (၉.၇၅)သန်း ပေးအပ်သွားမယ်လို့ ရန်ကုန်ရှိ ကနေဒါသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ငလျင်ကြောင့် ဒေသ (၄)ခုမှာ နေအိမ်ပေါင်း (၃၀၀၀၀)နီးပါး ပျက်စီးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 6 Views
ဧပြီလ (၇)ရက်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အများဆုံးထိခိုက်ခဲ့တဲ့ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပဲခူးတို့က ထိခိုက်ဆုံးရှုံးခဲ့တဲ့ အခြေအနေကို NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ NUG ရဲ့
မြန်မာသတင်း

သတ်မှတ်ချက်နဲ့မညီတဲ့ အဆောက်အအုံတွေကို စိစစ်အရေးယူဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 4 Views
ဧပြီလ (၇)ရက်။ သတ်မှတ်ချက်နဲ့မညီဘဲ ဆောင်ရွက်ထားတဲ့ အဆောက်အအုံတွေကို ပြန်လည်စိစစ်အရေးယူဖို့ စစ်ခေါင်းဆောင်က ဧပြီလ (၅)ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မျက်မြင်စစ်ဆေးခဲ့တာတွေမှာ အချို့အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ အင်ဂျင်နီယာပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတာတွေကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ငလျင်ကယ်ဆယ်ရေးအတွက် ဒုတိယအဖွဲ့ကို ထိုင်းစစ်တပ်စေလွှတ်

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 6 Views
++++++++++++++ ဧပြီလ (၆) ရက်။ မြန်မာနိုင်ငံက ငလျင်ဒဏ်ခံ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဒုတိယအလှည့်ကျအဖွဲ့ စစ်ဘက်ဝန်ထမ်း ၅၅ ဦးကို ထိုင်းနိုင်ငံက မနေ့က ဧပြီလ (၅) ရက်နေ့မှာ စေလွှတ်ထားတယ်လို့
မြန်မာသတင်း

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃,၅၆၄ ဦးအထိရှိလာ

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 5 Views
ဧပြီလ (၆) ရက်။ မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃,၅၆၄ ဦးအထိ ရှိလာပြီး ၅,၀၁၂ ဦး ဒဏ်ရာရရှိကာ ၂၁၀ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီရဲ့ ဒီနေ့ (၆) ရက်နေ့ သတင်းထုတ်ပြန်ချက်အရ
မြန်မာသတင်း

မန္တလေးမြို့မှာ နိုင်ငံတကာဆေးခန်းများ ယာယီတဲကြီးများဖြင့် လာရောက်ဖွင့်လှိုက်ပြီး လူနာများကို ကုသပေးနေ

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 8 Views
ဧပြီလ (၆) ရက်။ အားပြင်ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နိုင်ငံတကာမှ ဆေးခန်းများမန္တလေးတွင် လာရောက်ဖွင့်လှစ်ပေးလျက်ရှိတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။ မန္တလာသီရိ ဘောလုံးကွင်းထဲမှာ ရုရှားနိုင်ငံက ဖွင့်လှစ်ထားတဲ့ ရုရှားဆေးကုသမှုစခန်းမှာ ငလျင်ကြောင့်ဒဏ်ရာရတဲ့သူတွေကို ကုသပေးနေပြီး အသေးစားခွဲစိတ်ကုသခန်းလည်း ပါဝင်တယ်လို့ သိရပါတယ်။
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများကို တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းစီထောက်ပံ့မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 6 ရက်
  • 8 Views
ဧပြီလ (၆) ရက်။ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေကို တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းစီ ထောက်ပံ့ပေးသွားမည်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ဧပြီလ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေအတွက် ငွေကြေးထောက်ပံ့ပေးသွားမယ့်အပြင်