မေလ (၇)ရက်။
ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို စတင်သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ချစ်ကြည်ရေးခရီးစဉ်အနေနဲ့ နေပြည်တော် စစ်တပ်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ သွားရောက်တာလို့ ဆိုပါတယ်။
ရုရှားခရီးစဉ်ထဲ စစ်ခေါင်းဆောင်က မေလ (၉)ရက်နေ့ မော်စကိုမြို ရင်ပြင်နီမှာ ကျင်းပမယ့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်သွားမယ်လို့ သိရပါတယ်။
နောက်ပြီး အဲ့ဒီအခမ်းအနားကို တက်ရောက်လာမယ့် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်က သီးခြားတွေ့ဆုံပြီး ဆွေးနွေးတာတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ဖော်ပြထားပါသေးတယ်။
ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ်အနေနဲ့ သွားရောက်တဲ့ စစ်ခေါင်းဆောင်နဲ့အတူ သူ့ရဲ့မိန်းမ ဒေါ်ကြူကြူလှအပါအဝင် သားသမီးတွေနဲ့ မြေးတွေ လိုက်ပါသွားခဲ့တယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
