နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

အပစ်ရပ်သက်တမ်းထပ်တိုးတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီ ကောလင်းမြို့ကို လေကြောင်းတိုက်ခိုက်

မေလ (၇)ရက်။

ဒီကနေ့ နံနက် (၁)နာရီ (၅)မိနစ်အချိန်မှာ ကောလင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KLPDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ စစ်ကောင်စီ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာတစီးက နံနက် (၁)နာရီ (၅)မိနစ်မှာ ကောလင်းမြို့ ရှောက်ပင်ခြုံရွာကို စစ်ရေးလှုပ်ရှားတာမရှိဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်သွားတာ” လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ စစ်ရေးလှုပ်ရှားတာမရှိဘဲ ကောလင်းမြို့ ရှောက်ပင်ခြုံရွာကို ဗုံး (၂)လုံး ကြဲချခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ် (၂)လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ပျက်စီးတာတွေ အများအပြားရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ရှောက်ပင်ခြုံရွာ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲ လူထိခိုက်တာ မရှိဘူးလို့ Kawlin Info က ထုတ်ပြန်ထားပါတယ်။

အပစ်ရပ်သက်တမ်း ထပ်တိုးတယ်ဆိုပြီး ကြေညာထားတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်တာတွေကို ဆက်လက်ပြုလုပ်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားကို သွားတဲ့နေ့မှာပဲ အခုလို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 12 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 10 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 4 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်
မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ပေါ်တာဆွဲခံရတဲ့ လူငယ် (၈)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆင်နွှဲတာကို စစ်ကူအနေနဲ့ ရောက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့
မြန်မာသတင်း

ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တိုက်ဖျက်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 22 Views
ဇွန်လ (၅)ရက်။ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တတ်နိုင်တဲ့နည်းလမ်းနဲ့ တိုက်ဖျက်ဖို့ NUG က ဒီကနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာဟာ အခုရင်ဆိုင်နေရတဲ့ ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲ မျိုးသုဉ်းပျောက်ကွယ်မှုနဲ့ ရာသီဥတုပြောင်းလဲမှု
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 33 Views
ဇွန်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခုအချိန်အထိ တရုတ်ရဲ့ဖိအားကလဲ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ တရုတ်ဖိအားကို
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် (၄၆၆)ဦးအပါအဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 16 Views
ဇွန်လ (၅)ရက်။ (၂)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် စုစုပေါင်း (၂၈၄၁)ခုအထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးသူဦးရေ (၃၁၅၂)ဦးရှိခဲ့ကာ အဲ့ဒီအထဲ အသက် (၁၈)နှစ်အောက်
မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 34 Views
ဇွန်လ (၅)ရက်။ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ်