မေလ (၇)ရက်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ မြို့နယ်ပေါင်း (၁၉၀)ကျော်မှာ ကျန်းမာရေးစောင့်ရှောက်တဲ့လုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီမြို့နယ်တွေမှာ ဒေသဆိုင်ရာ ကျန်းမာရေးတာဝန်ခံ (၂၉)ဦးနဲ့ မြို့နယ်ကျန်းမာရေးတာဝန်ခံ (၂၂၇)ဦးတို့နဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဆေးရုံပေါင်း (၁၀၆)ရုံ၊ ဆေးခန်းပေါင်း (၈၀၈)ခုနဲ့ ရွေ့လျားဆေးခန်းပေါင်း (၁၉၂)ခုကျော်တို့မှာ ကျန်းမာရေးလုပ်သားအင်အားစု (၅၀၉၈)ဦးနဲ့ ဒေသအသီးသီးမှာ ကျန်းမာရေးစောင့်ရှောက်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်းတခုထဲမှာ ပြင်ပလူနာအရေအတွက်ဟာ (၄)နှစ်တာထဲ (၁၀၅၅၈)ဦးကနေ (၁၂၄၁၆၃၃)ဦးအထိ ပိုမိုကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
