နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း ဥရောပ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့ မော်စကိုမြို့ကို ရောက်ရှိ

မေလ (၇) ရက်။

ရုရှားနိုင်ငံ ဒုတိယကမ္ဘာစစ် နာဇီအောင်ပွဲ နှစ် (၅၀) ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနား တက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မေလ ၇ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်နှင့် ဇနီးဒေါ်ကြူကြူလှနှင့် ကိုယ်စားလှယ်အဖွဲ့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ်ကျော်စိုးဦးတို့က လေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 7 Views
မေလ (၂၄)ရက်။ မေလ (၂၂)ရက်နေ့ကစပြီး ပဲခူးရိုးမထဲ (၃)ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂)
မြန်မာသတင်း

NMSP-AD နဲ့ MLA တို့ ပူးပေါင်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်း

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 12 Views
မေလ (၂၄)ရက်။ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော်(RMA)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NMSP-AD
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ မနေ့က ညနေ (၅)နာရီအချိန်က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ ကော့ကရိတ်မြို့ ဘလယ်ဒိုကျေးရွာအနီး ကျူးကျော်တပ်စွဲထားတဲ့ ဘလယ်ဒိုတပ်စခန်းကို KNLA
မြန်မာသတင်း

အနုပညာရှင်တွေဟာ နိုင်ငံရေးထဲ ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မဖြစ်သင့်တာတွေဖြစ်ရတာဆိုပြီး စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 9 Views
မေလ (၂၄)ရက်။ အနုပညာရှင်တွေဟာ ပါတီနိုင်ငံရေးထဲ ဝင်ရောက်‌ဆောင်ရွက်ခဲ့တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတာဆိုပြီး စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က ရန်ကုန် ဗဟန်းရှိ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အချို့အနုပညာရှင်တွေအနေနဲ့ သူတို့ရဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်ရမယ့်အစား
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးမယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 11 Views
မေလ (၂၄)ရက်။ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ အမာခံ ဆောင်ရွက်ပေးသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ကျိုင်းတုံတပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ စစ်တပ်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ တည်ငြိမ်အေးချမ်းဖို့အတွက်
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားနိုင်ငံကို တန်ပြန်ရန် လစ်သူယေးနီးယားသို့ ဂျာမန်တပ်ဖွဲ့များ စေလွှတ်

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 16 Views
မေလ (၂၃) ရက်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနိုင်ငံကို တန်ပြန်ရန် ပထမဆုံးအကြိမ် လစ်သူယေးနီးယားနိုင်ငံသို့ ဂျာမန်တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ဂျာမန်တပ်များသည် လစ်သူယေးနီးယားနိုင်ငံ အရှေ့ပိုင်းတွင် တပ်စွဲရန် စတင်လိုက်ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက နိုင်ငံခြားတွင် ဂျာမန်တပ်များ စေလွှတ်တပ်စွဲခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။
မြန်မာသတင်း

မင်းကင်းနယ် မင်းစုရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ် ခြောက်ဦး အပါအဝင် ၁၁ ဦး သေဆုံးကာ ဒဏ်ရာရသူလည်း များပြား

  • 2025 ခုနှစ်၊ မေလ 24 ရက်
  • 22 Views
မေလ (၂၃) ရက်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို ဒီကနေ့ မေလ ၂၃ ရက်မွန်းလွဲ ၂နာရီခန့်မှာ စစ်အုပ်စုက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ခြောက်ဦး အပါအဝင် အရပ်သားပြည်သူ ၁၁ ဦး
မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 15 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုန်းကံရွာ