မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ် လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ခတ်ခံရ
ဇူလိုင်လ (၇)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်ခန့်က မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီဂိတ်ကို လက်ပစ်ဗုံးနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army(TPA)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မုံရွာမြို့ မုံရွာတောင်မှာ ဆက်ကြေးတောင်း၊ လိုင်စင်စစ်နေတဲ့ “ ရေဦးခွေးဂိတ်” ကို မီတာ (၃၀)အကွာလောက်ကနေ လက်ပစ်ဗုံး၊ လက်နက်ငယ်တွေနဲ့ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာ” လို့ ဆိုပါတယ်။
မုံရွာမြို့ပေါ်မှာ ပြည်သူတွေဆီကနေ ဆက်ကြေးတောင်း၊ လိုင်စင်စစ်နေတဲ့ “ ရေဦးခွေးဂိတ်” ကို မီတာ (၃၀)ခန့်အကွာကနေ လက်ပစ်ဗုံးအပါအဝင် လက်နက်ငယ်နဲ့ အနီးကပ် ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရတာကြောင့် ရေဦးဂိတ်ရှိ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာရတာတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဲ့ဒီစစ်ဆင်ရေးကို The Phoenix Army(TPA)အပါအဝင် ဗန္ဓုလနဲ့ အဖွဲ့သားတွေက ပူးတွဲလုပ်ဆောင်ခဲ့ကြတာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
