နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယာယီသမ္မတ မြင့်ဆွေ သေခဲ့ပြီလို့ စစ်တပ်ထုတ်ပြန်လာ

ဩဂုတ်လ (၇)ရက်။

ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်မှာ ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးသွားခဲ့ပြီလို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဦးမြင့်ဆွေဟာ မနေ့က နံနက်ပိုင်းမှာ သေဆုံးခဲ့တယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်ခဲ့ပေမယ့် နေ့လယ်ပိုင်းအချိန်မှာတော့ သတင်းအမှားဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလာတာပါ။

“ အခုတော့ တကယ်သေသွားပြီပေါ့၊ စစ်တပ်က ဝမ်းနည်းကြောင်းတွေလဲ ထုတ်ပြန်လာတာဆိုတော့ အတည်ဖြစ်သွားပြီ။ သေတာကလဲ အမှတ်(၂)စစ်ဆေးရုံ ခုတင်(၁၀၀၀)မှာပဲ” လို့ နေပြည်တော်နဲ့နီးစပ်သူတဦးက ဆိုပါတယ်။

သူဟာ သေဆုံးချိန်မှာ အသက် (၇၄)နှစ်အရွယ်ရှိပြီဖြစ်ကာ ၂၀၂၃ခုနှစ်ကထဲက အာရုံကြောအားနည်းတဲ့ရောဂါ ခံစားခဲ့ရပြီး ကျန်းမာရေး ဆိုးရွားလာတဲ့အတွက် ဇူလိုင်လထဲ စစ်ဆေးရုံမှာ ဆေးကုသနေရတာပါ။

အခုအခါ သေဆုံးသွားပြီဖြစ်တဲ့ ဦးမြင့်ဆွေရဲ့ ဈာပနကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပသွားမယ်ဆိုပြီး စစ်တပ်က သတင်းထုတ်ပြန်ထားပါတယ်။

ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းမှူးအနေနဲ့ ထမ်း‌ဆောင်ခဲ့ချိန် ၂၀၀၇ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုမှာ သံဃာတွေ၊ ပြည်သူတွေနဲ့ ကျောင်းသားတွေကို သတ်ဖြတ်ဖြိုခွင်းတာမှာ ညွှန်ကြားခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။

အဲ့ဒီလို ဆောင်ရွက်ခဲ့တာကို တာဝန်အရ လုပ်တာဖြစ်ပြီး သေဒဏ်ပေးရင်လဲ ခံနိုင်တယ်လို့ သူကိုယ်တိုင် သတင်းဌာနတွေကို ပြောဆိုခဲ့ဖူးပါတယ်။

နောက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်အနေနဲ့ ထမ်းဆောင်ခဲ့တုန်းကလဲ ၂၀၁၅ခုနှစ် မြို့တော်ခန်းမရှေ့မှာ ကျောင်းသားတွေ ဆန္ဒပြပွဲကို လက်ပတ်နီဝတ် စွမ်းအားရှင်တွေ အသုံးပြုပြီး ရိုက်နှက်ခဲ့ပါသေးတယ်။

အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဦးမြင့်ဆွေဟာ NLD အစိုးရလက်ထက်မှာ စစ်တပ်အစုအဖွဲ့က ဒုသမ္မတအနေနဲ့ ရွေးကောက်တင်မြှောက်ခံရသလို စစ်တပ်အာဏာသိမ်းချိန်မှာလဲ ယာယီသမ္မတအနေနဲ့ တာဝန်ပေးခံရပါတယ်။

ဦးမြင့်ဆွေဟာ စစ်တပ်အာဏာသိမ်းချိန်မှာ ယာယီသမ္မတအနေနဲ့ တာဝန်ပေးခံရပေမယ့် မင်းအောင်လှိုင်က အရေးပေါ်သက်တမ်းတိုးမှသာ (၆)လတခါ လူလုံးထွက်ပြရတဲ့ ရုပ်သေး သမ္မတအနေနဲ့ ဖြစ်ခဲ့ရတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့