နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ထရန့်ရဲ့ ကိုလိုနီနယ်ချဲ့ အရိပ်အယောင်ပြ ပြောစကား

+++++++++++++++++++++++++++++

အယ်ဒီတာ့အာဘော်

ထရန့်က သူသမ္မတအဖြစ် ကျမ်းသစ္စာကျိမ်ဆိုပွဲ မတိုင်ခင် နိုင်ငံခြားရေးမူဝါဒတွေကို ပြောလာခဲ့တဲ့အပေါ် ကမ္ဘာမှာ ပွက်လောရိုက်လာခဲ့ပါတယ်။ ဓားစာခံတွေကို လွှတ်မပေးရင် ဟားမတ်စ်တွေကို ဒီထက်ဆိုးဝါးမှုတွေကို ကြုံတွေ့စေရမယ်လို့ ကျိန်းဝါးခဲ့သလို ပနားမားတူးမြောင်းကို အမေရိကန်က ပြန်သိမ်းဖို့ လိုတယ်။ ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်း (Green Land) ကို သိမ်းယူမယ်။ ကနေဒါနိုင်ငံကို အမေရိကားနိုင်ငံရဲ့ ၅၁ ခု‌မြောက် ပြည်နယ်အဖြစ် ပေါင်းထည့်မယ်။ မက္ကဆီကိုပင်လယ်ကွေ့ (Gulf of Mexico) ကို အမေရိကန်ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းပစ်မယ်စတဲ့ ပြောဆိုချက်‌တွေကြောင့် ပြည်တွင်း၊ ပြည်ပကနိုင်ငံတွေက ဝေဖန်ကန့်ကွက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဂါဇာမှာ ပါလက်စတိုင်း လေးသောင်းကျော်ကို အစ္စရေးစစ်တပ်က သတ်ဖြတ်မှုကို ဘိုင်ဒင်ကလည်း မပြောသလို ထရန့်ကလည်းမပြောခဲ့ပဲ အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကို လျော့ချဖို့ ပါလက်စတိုင်းနဲ့ အစ္စရေးနှစ်နိုင်ငံ ယှဥ်တွဲရပ်တည်ကြကာ နှစ်နိုင်ငံထူထောင်ပေးပြီး ဖြေရှင်းရေး ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူညီချက်ကို အစ္စရေးက ပယ်ချထားပြီး ပါလက်စတိုင်းတွေကို သူတို့နေအိမ်တွေ နယ်မြေတွေကနေ အတင်းမောင်းထုတ်ခဲ့သလို ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေကို တိုက်ခိုက်မောင်းထုတ် အိုးအိမ်တွေကို ဖျက်စီးနေတာတွေကိုလည်း အမေရိကန်က မတားဆီးတဲ့အပြင် လက်ပိုက်ကြည့်နေခဲ့ပါတယ်။

အစ္စရေးကို ပြန်တိုက်ရင်အကြမ်းဖက်တွေအဖြစ် သတ်မှတ် အစ္စ‌ရေးက တိုက်ခိုက် သိမ်းပိုက်နယ်မြေချဲ့ထွင်လာခဲ့တာကို ခုခံစစ်အဖြစ် ပုံဖော်နေခဲ့ကြရာက ဂါဇာအကြမ်းဖက်မှု ဖြစ်လာတဲ့ အခါမှ ကမ္ဘာကို အစ္စရေးရဲ့ ဇီယွန်ဝါဒဆိုတာ နယ်ချဲ့ဝါဒလို့ သဘောပေါက်လာပြီး ပါလက်စတိုင်း အရေးကို ကိုယ်ချင်းစာစိတ်ရှိတဲ့ အမေရိကန်နိုင်ငံက ပညာတတ်တက္ကသိုလ် ကျောင်းသားတွေကစပြီး ဆန္ဒပြတောင်းဆိုတာကနေ ဥရောပတက္ကသိုလ်တွေအထိ ပျံ့နှံသွားခဲ့ပါတယ်။

ဒါအပြင် အစ္စရေးနိုင်ငံသားဂျူးပညာတတ်တွေကပါ အစ္စရေးရဲ့ မတရားမှုတွေကို ကန့်ကွက်ပြောဆိုလာခဲ့ပါတယ် ဒါကြောင့်ဂါဇာမှာရှိတဲ့ ပါလက်စတိုင်းတွေ သောင်းနဲ့ချီ သေဆုံးပြီး သန်းနဲ့ချီ ဒုက္ခရောက် နေပေမဲ့ နိုင်ငံရေးအရ ဟားမတ်စ်တွေ အမြတ်ထွက် ခဲ့ပါတယ်။ သူတို့ ဘာကြောင့် အကြမ်းဖက်မှုကို ကျူးလွန်ရသလဲဆိုတာ ဂါဇာစစ်ပွဲအတွင်း အစ္စရေးရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ဖွင့်ဟပြသခဲ့ပါတယ်။

ထရန့်ကတော့ အစ္စရေးနိုင်ငံရဲ့မြို့တော် တဲလ်အဗစ်ကနေ ဂျူး၊ ခရစ်ယန်၊ အစ္စလမ် ဘာသာသုံးခုလုံးနဲ့ သက်ဆိုင်နေတဲ့ ဂျေရုစလင်မြို့ကို သူရဲ့ပထမအကြိမ် သမ္မတသက်တမ်းမှာ အစ္စရေးမြို့တော်အဖြစ် တဖက်သတ် အသိအမှတ်ပြုပေးခဲ့ပါတယ်။ အဲ့ဒီအပြင် ဂိုလမ် ကုန်းမြင့် ကိုလည်း ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ အစ္စရေးအပိုင်အဖြစ် သတ်မှတ် ပေးလိုက်ပါတယ်။ ဂိုလမ်ကုန်းမြင့်ဒေသဟာ အရင်က ဆီးရီးယားပိုင်ဖြစ်ပြီး ၁၉၆၇ ဇွန်လမှာ အာရပ်-အစ္စရေးစစ်ပွဲ ဖြစ်ပွားပြီး အစ္စရေးတို့က သိမ်းပိုက်ထားခဲ့တာြဖစ်ပါတယ်။

ပနားမား တူးမြောင်းဟာ ပနားမားနိုင်ငံမှာ တည်ရှိပြီး ၈၂ ကီလိုမီတာ (၅၁ မိုင်) အရှည်ရှိတဲ့ လူလုပ်တူးမြောင်းကြီး ဖြစ်ပြီး ပနားမားနိုင်ငံကို ဖြတ်ကာ ကာရေဘီယံပင်လယ်ကို ပစိဖိတ်သမုဒ္ဒရာနဲ့ ဆက်သွယ်ပေးတဲ့ ရေလမ်းကနေ သွားလာဖို့ တည်ဆောက်ထားတဲ့ တူး‌မြောင်းကြီး ဖြစ်ပါတယ်။

အဲ့ဒီတူး‌မြောင်းကို ပနားမားကျွန်းဆွယ်ရဲ့ အကျဉ်းဆုံးနေရာကနေ ဖြတ်တောက်ကာ အတ္တလန္တိတ်နဲ့ ပစိဖိတ်သမုဒ္ဒရာတို့ကြား ရေကြောင်းကုန်သွယ်မှုအတွက် အ‌ရေးပါတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံဟာ ၁၈၈၁ ခုနှစ်မှာ တူးမြောင်းကို စတင်လုပ်ကိုင်ခဲ့ပေမဲ့ အင်ဂျင်နီယာ ပြဿနာတွေနဲ့ လုပ်သားသေဆုံးမှုနှုန်း မြင့်မားမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကင်းမဲ့လာပြီး ၁၈၈၉ ခုနှစ်မှာ ရပ်တန့်သွားခဲ့ရတယ်။ အမေရိကန်က ၁၉၀၄ ခုနှစ်တွင် စီမံကိန်းကို သိမ်းပိုက်ရယူခဲ့ပြီး ဆက်လက် အကောင်အထည် ဖော်ဆောက် လုပ်ခဲ့ရာမှာ ၁၉၁၄ ခုနှစ်မှာ ပြီးစီးခဲ့ပြီး တူးမြောင်းကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၁၉၇၇ ခုနှစ်မှာ တူး‌‌မြောင်းကြီးအား ပနားမားကို လွှဲပြောင်းပေးတဲ့ အမေရိကန်သမ္မတ ဂျင်မီကာတာနဲ့ ပနားမားသမ္မတ တိုရီဂျို့တို့ရဲ့ Torrijos-Carter သဘောတူ စာချုပ်မတိုင်မီအထိ အမေရိကန်က တူးမြောင်းနဲ့ ပနားမားတူးမြောင်း အနီးတစ်ဝိုက်ကို ဆက်လက် ထိန်းချုပ် ခဲ့ပါတယ်။ အမေရိကန်-ပနားမား ပူးပေါင်းထိန်းချုပ်မှု အောက်မှ ၁၉၉၉ ခုနှစ်မှာ ပနားမား အစိုးရက လွှဲယူပြီး လုံးဝထိန်းချုပ်ခဲ့ပါတယ်။

အခုအခါ ပနားမားအစိုးရပိုင် ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့ကနေ စီမံဆောင်ရွက် နေပါတယ်။ အရင်က အမေရိကန်ပိုင် တူး‌မြောင်းအဖြစ် ရှိခဲ့တာကို ထရန့်က ပြန်လိုချင် နေတာဖြစ်ပါတယ်။

ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်း

+++++++++++++++

ဒီလိုပဲ ဒိန်းမတ်နိုင်ငံပိုင် ဂရင်းလန်း (Green Land) ကို သိမ်းယူမယ်ဆိုတဲ့အတွက် ဒိန်းမတ်ဝန်ကြီးချုပ် မက်တီ ဖက်ဒရစ်ဆန် (Mette Frederiksen) က ထရန့်ပြောစကား အပေါ် ဂရင်းလန်းဟာ ရောင်းဖို့မဟုတ်ဘူး၊ အနာဂါတ်မှာလည်းရောင်းမှာ မဟုတ်ဘူးလို့ ဒေါသနဲ့ တုံ့ပြန်‌ပြောဆိုလိုက်ပါတယ်။

ကနေဒါကို အမေရိကန်ရဲ့ ၅၁ မြောက် ပြည်နယ်ဖြစ်ဖို့ ထရန့် လိုလားနေတာလား။

+++++++++++++++++++++++++++++++++++++++++

ကနေဒါဝန်ကြီးချုပ် ထရူးဒိုးကလည်း ကနေဒါနိုင်ငံဟာ အမေရိကန်ရဲ့ ၅၁ ပြည်နယ်အဖြစ် မရောက်နိုင်ဘူးဆိုတာကို နှင်းလုံးတွေ လိမ့်ကျပြီး တဖြည်းဖြည်း ကြီးလာသလိုမျိုး ပိုင်နက်တွေ ချဲ့လာမယ်ဆိုရင်တောင် ကနေဒါနိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့ အစိတ်အပိုင်းတခု အဖြစ် ဖြစ်လာစရာအကြောင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ ရုရှားခေါင်းဆောင်တွေဟာ နယ်မြေချဲ့ထွင်ရေးကို ဇောင်းပေးလာတွေ့နေရပါတယ်။

တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ ခြိမ်းခြောက်နေသလို ရုရှားက ယူကရိန်းကို ပေါ်ထင် ကျူးကျော်တိုက်နေပါတယ်။ အခု ဒီမိုကရေစီဖခင်ကြီးလို့ ကြွေးကြော်နေတဲ့ အမေရိကန် သမ္မတဖြစ်လာတော့မဲ့သူက အရင်သူတို့သိမ်းထားတဲ့ ပနားမားကို ပြန်လိုချင်သလို ဒိမ်းမတ်ပိုင်နယ်မြေနဲ့ ကနေဒါကိုပါ သူတို့နိုင်ငံထဲကို သွင်းချင်တယ်ဆိုတာ စိုးရိမ်စရာပါ။

၂၀၂၅ ခုနှစ်ဟာ ငြိမ်းချမ်းတဲ့နှစ်သစ်ဖြစ်မလား စိတ်ကူးပေါက်သလို ပြောနေတဲ့ ထရန့် သမ္မတလက်ထက်မှာ စစ်ပွဲအသစ်တွေ ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 53 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 49 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 80 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 58 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။