နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် TNLA က ဝမ်နည်းကြောင်း သဝဏ်လွှာပေးပို့

မေလ (၈)ရက်။

အာရက္ခတပ်တော်(ULA/AA)ရဲ့ နိုင်ငံရေးမှူး ဦးဦးလှစော ကွယ်လွန်သွားတဲ့အပေါ် AA အပါအဝင် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းပူဆွေးရတယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရက္ခိတလမ်းစဉ်ကိုင်ဆွဲကာ အာရက္ခပြည်ကို ပုံဖော်နေတဲ့ကာလမှာ မူဝါဒပိုင်းဆိုင်ရာတွေ ဦးဆောင်ပေးနေတဲ့ အဓိကခေါင်းဆောင်တဦး ဆုံးရှုံးရတာဟာ ရက္ခိုင်တိုင်းရင်းသားတွေနဲ့ AA အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတရပ်လို့ ဆိုပါတယ်။

ဦးဦးလှစောဟာ ၁၉၆၉ခုနှစ် စက်မှုတက္ကသလိုကျောင်းသားကထဲက နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ကျောင်း (၂)နှစ် ရပ်နားခဲ့ရပြီး ၁၉၇၅ခုနှစ်မှာ ထောင်ဒဏ် (၉)နှစ်နဲ့ ‌၁၉၈၈ခုနှစ်မှာ ထောင်ဒဏ် (၁၄)နှစ် စတာတွေနဲ့ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ဖမ်းဆီးနှိပ်စက်အကျဉ်းကျခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုဖမ်းဆီးနှိပ်စက်ခံရတာကို ဦးမညွတ်ဘဲ ရက္ခိုင်အမျိုးသားရေး၊ ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ်အာရက္ခပြည်တည်ဆောက်ဖို့အတွက် နိုင်ငံရေးသမား၊ စာရေးဆရာ၊ ကဗျာဆရာ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ AA နိုင်ငံရေးမှူးဆိုတဲ့ မြင့်မြတ်တဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့သူလို့ ရေးသားထားပါတယ်။

ဒါ့ကြောင့် ဦးဦးလှစောရဲ့ အာရက္ခပြည်နဲ့ လူမျိုးအပေါ် တန်ဖိုးထားချစ်မြတ်နိုးတဲ့အပေါ် အမြဲထာဝရ မှတ်တမ်းတင်ဂုဏ်ပြုနေမယ်လို့ TNLA က ပြောဆိုထားပါတယ်။

ဒါ့အပြင် ဦးဦးလှစောရဲ့ ရက္ခိုင်လူမျိုးတွေနဲ့ အာရက္ခပြည်အပေါ် ထားရှိတဲ့ မျိုးချစ်စိတ်ဓါတ်ဟာ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်အဖွဲ့တွေအတွက် စံပြပုဂ္ဂိုလ်တဦးလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် သွားရောက်စစ်ဆေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 11 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနရဲ့ နယ်မြေထဲ နယ်မြေလုံခြုံရေးအခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ခင်ဦးမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ပျက်ဆုတ်ပြေးခဲ့ရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 10 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က ခင်ဦးမြို့နယ်ရှိ မကျီးတုံပျူရွာဘက်ကို ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိထားဖို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 11 Views
စက်တင်ဘာလ (၂၀)ရက်။ မောင်တောခရိုင်က နေရာအချို့ကို ARSA နဲ့ RSO လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ နတ်မြစ်နဲ့ မယူတောင်လမ်းကြောင်းတွေကနေ စိမ့်ဝင်နေတယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌နယ်စပ်ကနေ ခိုးဝင်လာတဲ့ အစ္စလာမ်မစ်အဖွဲ့တွေဟာ တောတောင်တွေနဲ့
မြန်မာသတင်း

လှိုင်သာယာမြို့မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို စစ်တပ်ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 10 Views
စက်တင်ဘာလ (၂၀)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်စာကပ်တယ်ဆိုပြီး အမျိုးသား (၂)ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းဆီးခံရတဲ့ အမျိုးသား (၂)ဦးဟာ
မြန်မာသတင်း

ရွှေကူမြို့ရှိ KIA စစ်သင်တန်းကျောင်း ဗုံးကြဲခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 20 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်မှာ ‌ရွှေကူမြို့နယ်ရှိ KIA ရဲ့ စစ်သင်တန်းကျောင်းနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ မနေ့က နံနက်အစောကြီးပိုင်းမှာ ရွှေကူမြို့နယ်ထဲ KIA တပ်ရင်း(၁၂)က စစ်သင်တန်းပေးဖို့
မြန်မာသတင်း

ရန်ကုန် အရှေ့ဒဂုံမြို့ရှိ စစ်ကော်မရှင်အုပ်ချုပ်ရေးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 53 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ နံနက် (၂)နာရီကျော်အချိန်က အရှေ့ဒဂုံမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ (၁၂၄)ရပ်ကွက်အုပ်ချုပ်ရေးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက် (၂)နာရီ (၁၉)မိနစ်လောက်မှာ (၁၂၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို
မြန်မာသတင်း

တနင်္သာရီရှိ မောတောင်နယ်စပ်တိုက်ပွဲထဲ စစ်တပ်ဘက်က (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 51 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က နံနက် (၈)နာရီအချိန် တနင်္သာရီမြို့ ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းမှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တနင်္သာရီမြို့ ထိုင်း-မြန်မာ မောတောင်နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်း သိန်းခွန်းရွာအနီးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ အ‌ရေးကြီးတပ်စခန်းတွေမှာ တရုတ်ထုတ် ဒရုန်းကာကွယ်ရေးစနစ်တွေ တိုးမြှင့်တပ်ဆင်ဖို့ ပြင်ဆင်နေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 42 Views
စက်တင်ဘာလ (၁၉)ရက်။ စစ်တပ်ရဲ့ အရေးကြီးတပ်စခန်းတွေမှာ ဒရုန်းကာကွယ်ရေးစနစ်တွေ တိုးမြှင့်တပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဒရုန်းကာကွယ်ရေးပိုင်းအတွက် တရုတ်နိုင်ငံ Skyfend ကုမ္ပဏီထုတ် Counter-Drone System