နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူရဲ့မျက်နှာတခုထဲသာကြည့်ပြီး အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင် ကျောချင်းကပ်လုပ်ရမယ့်ကာလလို့ NUG ပြော

ဩဂုတ်လ (၈)ရက်။

ပြည်သူရဲ့ မျက်နှာတခုထဲကိုသာကြည့်ပြီး အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းအောင် ကျောချင်းကပ် ဆောင်ရွက်ရမယ့်ကာလလို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုနွေဦးတော်လှန်ရေးဟာ စစ်ရာဇဝတ်မှုတွေကို ဆယ်စုနှစ်ပေါင်းများစွာသာမက အခုအချိန်အထိ ကျူးလွန်နေသူတွေကို အပြစ်ပေးနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်မောင်းထုတ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ သမိုင်းတလျှောက် အကြီးကျယ်ဆုံး တော်လှန်ရေးကြီးကို ဆင်နွှဲနေပြီး အရေးကြီးတဲ့ကာလကို ရောက်နေပြီလို့ ဆိုပါတယ်။

ဒီကနေ့ နွေဦးတော်လှန်ရေးဟာ ပြည်သူရဲ့ ထိန်းကျောင်းမှုနဲ့အတူ NUG အနေနဲ့ စစ်မျက်နှာပေါင်းစုံနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်စေဖို့ လုပ်ဆောင်နေတဲ့ကာလလို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဒေသတခုချင်းစီ လွတ်မြောက်ဖို့နဲ့အတူ ပြည်ထောင်စုတခုလုံး လွတ်မြောက်ဖို့ကို ရှေးရှုပြီး လွန်ခဲ့တဲ့ (၃၇)နှစ်ခန့်က ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးရဲ့ စိတ်ဝိညာဉ်ပူးကပ်ကာ အတူဆောင်ရွက်ရမယ့် သမိုင်းဝင်ကာလ ဖြစ်လာပြီလို့ ရေးသားထားပါတယ်။

ဒါ့အပြင် ခေတ်အဆက်ဆက် တော်လှန်ရေးတွေကနေ အခုနွေဦးတော်လှန်ရေးအထိ ပေးဆပ်ခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်းတို့ရဲ့ မြင့်မြတ်တဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်ဖို့က ကျန်ရစ်သူတွေရဲ့ တာဝန်လို့ NUG က ပြောဆိုထားပါတယ်။

အဲ့ဒီနောက် စစ်အာဏာရှင်စနစ် ကင်းစင်ပြီး စစ်မှန်တဲ့ အမျိုးသားတန်းတူရေး ရရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ အစားထိုးပြောင်းလဲနိုင်ဖို့ ရည်မှန်းချက်ပန်းတိုင်ဆီကို အတူချီတက်တည်ဆောက်ဖို့ သဝဏ်လွှာထဲ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့