နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် စစ်ကောင်စီက ကော်မတီ (၁၁)ခုဖွဲ့စည်းထားတယ်လို့ဆို

ဩဂုတ်လ (၈)ရက်။

ယာယီသမ္မတ မြင့်ဆွေရဲ့ နာရေးအခမ်းအနားအတွက် ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခုအထိ ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီရဲ့ ဈာပနအခမ်းအနားကျင်းပရေးကော်မတီထံက သိရပါတယ်။

မြင့်ဆွေရဲ့ နာရေးအခမ်းအနားကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပနိုင်ဖို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့က ပြလုပ်ခဲ့ပြီး ဈာပနအခမ်းအနားကျင်း‌ပရေး ဦးစီးကော်မတီကို စစ်ကောင်စီဝန်ကြီးချုပ် ညိုစောက ဦးဆောင်တာပါ။

သူ့ရဲ့နာရေးကို နိုင်ငံတော်ဈာပနအနေနဲ့ ကျင်းပဖို့ ဈာပနအခမ်းအနားကျင်းပရေး ဦးစီးကော်မတီနဲ့ လုပ်ငန်းကော်မတီတွေကို ကာ/လုံရုံးက ဖွဲ့စည်းပေးခဲ့တာလို့ ညိုစောက ပြောပါတယ်။

နောက်ပြီး ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ (၁၁)ခုကို ဖွဲ့စည်းထားပြီးဖြစ်တာကြောင့် နာရေးအခမ်းအနားမှာ လိုအပ်ချက်တွေ မရှိအောင် ပူးပေါင်းဆောင်ရွက်ကြဖို့ သူက ညွှန်ကြားထားပါတယ်။

မြင့်ဆွေရဲ့ နာရေးနဲ့ပတ်သက်ပြီး ကာ/လုံကနေ ကော်မတီတွေ ဖွဲ့စည်းထားတယ်ဆိုပေမယ့် အသေးစိတ်ကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

ဒါ့အပြင် အစည်းအဝေးကို ညိုစောအပါအဝင် ဈာပနဦးစီးကော်မတီ ဒုဥက္ကဋ္ဌ(၁) ပြည်ထဲ‌ရေးဝန်ကြီး ထွန်းထွန်းနောင်၊ ဒုဥက္ကဋ္ဌ(၂) ညှိနှိုင်းကွပ်ကဲရေးမှူး ကျော်စွာလင်းနဲ့ ကော်မတီဝင် ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြင့်ဆွေဟာ အာရုံကြောအားနည်းတဲ့ရောဂါခံစားရပြီး ကျန်းမာရေးဆိုးရွားလာတဲ့အတွက် အမှတ်(၂) စစ်ဆေးရုံ ခုတင်(၁၀၀၀)မှာ ဆေးကုသခဲ့ရပြီးနောက် မနေ့က နံနက်ပိုင်းမှာ သေဆုံးသွားခဲ့တာပါ။

အခုလို ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီက ဩဂုတ်လ (၇)ရက်ကနေ (၉)ရက်နေ့အထိ နိုင်ငံတော်အဆင့် ဝမ်းနည်းတဲ့အထိမ်းအမှတ်ကာလဆိုပြီး ကြေညာထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့