နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချင်းညီနောင်လိုင်ဇာတွင် KIAနှင့် NUGခေါင်းဆောင်များနှင့်တွေ့ဆုံ

၂၀၂၅ခုနှစ် သြဂုတ်လ၈ရက်

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းလူငယ်များ ဦးစီးသော ချင်းညီနောင်များ အဖွဲ့ (CB) မှ ခေါင်းဆောင်များသည် ကချင်ပြည်နယ်သို့ ခရီးရှည်ထွက်ခဲ့ကြပြီး ကချင်လွတ်လပ်ရေး အဖွဲ့ (KIA) ၏ နိုင်ငံရေးဗဟိုချက်ဖြစ်သည့် လိုင်ဇာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ခေါင်းဆောင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ မှ ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေး ကြကြောင်းသိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲများသည်တော်လှန်ရေးအတွက် အရေးပါမှုများရှိသော်လည်း ချင်းပြည်နယ်မှ ချင်းညီနောင်များ မဟာမိတ်အဖွဲ့သည် မည်သည့်ရည်ရွယ်ချက်ဖြင့် ခရီးထွက်ခွာလာခြင်းနှင့် KIA နှင့် NUG ခေါင်းဆောင်များနှင့် ဆွေ‌နွေးနေခြင်းနှင့်ပတ်သက်၍ ထုတ်ပြန် ကြေညာချက် ခြင်း မရှိပါ။

KIA ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ရေးသားချက်အရ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့ ချင်းညီနောင်အဖွဲ့တို့ (CB)တို့ကို ဦးဆောင် စည်းရုံး နိုင်တဲ့ တက်ကြွပြီး စွမ်းရည်ပြည့်ဝတဲ့ ခေါင်းဆောင်ကောင်း လိုအပ်တယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ဆိုထားပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်နဲ့ NUG အစိုးရဝန်ကြီးများက ချင်းတော်လှန်ရေး နှစ်ဖွဲ့ကိုဘယ်လို ညီညွတ်အောင်ညှိနိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်၊ ချင်းအမျိုးသားတပ်မတော် (CNA)ရဲ့နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးကို NUG အစိုးရကတရားဝင် အသိအမှတ်ပြုထားပြီးC3C မှာထည့်ထားသော်လည်း ချင်းညီနောင်အဖွဲ့(CB)ကိုတော့ တရားဝင်ချိတ်ဆက်မှုမရှိသေးပါဘူး၊ ယခုအခါမှာသာလိုင်ဇာမှာတွေ့ဆုံကြတာဖြစ်လို့ ကောင်းမွန်တဲ့ရလာဒ်ဖြစ်လာမယ်လို့မျှော်လင့်နေကြပါတယ်။

ဓါတ်ပုံ ဆလိုင်းတင်မီထွတ် (Salai Timmy Htut)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့