ဩဂုတ်လ (၈)ရက်။
ဒီကနေ့မှာကျရောက်တဲ့ (၃၇)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ရန်ကုန်ရှိ အထင်ကရနေရာတွေမှာ ၈၈၈၈ထီးသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို စစ်ကောင်စီက လှည့်ကင်းတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားက ရန်ကုန်လူထုသပိတ်နဲ့ ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့အပါအဝင် မြို့နေပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ “ ၈” သင်္ကေတစာလုံးရေးဆွဲထားတဲ့ ထီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားခဲ့ကြတာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရှစ်လေးလုံး ဒီမိုကရေစီအရေတော်ပုံကြီးကနေ အခုနွေဦးတော်လှန်ရေးကာလထဲ (၃၇)နှစ်မြောက် ရောက်ရှိချိန်အထိ စစ်အာဏာရှင်တွေရဲ့ အကြမ်းဖက်ရက်စက်မှုအောက်မှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် ပြည်သူကို ရန်သူလို သတ်ဖြတ်ချေမှုန်းနေတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ဖို့ တော်လှန်ရေးအင်အားစုတွေက တပ်လှန့်ထားတယ်လို့ သိရပါတယ်။




