စက်တင်ဘာလ (၈)ရက်။
မနေ့က နေ့လယ် (၂)နာရီခန့်မှာ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ စကမက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ သပိတ်ကျင်းမြို့ ကျောက်ဖြူရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ စာသင်တဲ့အိမ်ကို ထိမှန်ပြီး ကလေးတွေ ထိခိုက်သေဆုံးတာရှိခဲ့တယ်” လို့ ဆိုပါတယ်။
စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကျောက်ဖြူရွာကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ရွာထဲရှိ စာသင်ကြားတဲ့နေအိမ်ကို ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ကလေး (၅)ဦးအပါအဝင် (၇)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုလို စစ်တပ်က အရပ်သားပစ်မှတ်တွေဖြစ်တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အောက်တန်းကျတဲ့လုပ်ရပ်လို့ MDY-PDF က ပြောဆိုထားတယ်လို့ သိရပါတယ်။



