စက်တင်ဘာလ (၈)ရက်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နက်ရှိင်းစွာ စိုးရိမ်ပူပန်မိတယ်လို NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသတာမရဘူးလို ဆိုပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ထိရောက်တဲ့ ဆေးကုသမှုမပေးတာက နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ် ခြိမ်းခြောက်တာလို ဖော်ပြထားပါတယ်။
နောက်ပြီး အဲ့ဒီကိစ္စအတွက် ဖြစ်ပေါ်လာမယ့် အကျိူးဆက်တွေအားလုံးကို အကြမ်းဖက်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမယ်လို NUG က ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ကျန်းမာစွာနဲ့ အမြန်ဆုံးလွတ်မြောက်ဖို ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေက စစ်အုပ်စုကို ထိရောက်တဲ့ ဖိအားပေးတာတွေ ဆောင်ရွက်ဖို တိုက်တွန်းထားတယ်လို သိရပါတယ်။
