အောက်တိုဘာလ (၇)ရက်။
မနေ့က ည (၁၁)နာရီခွဲအချိန်က မင်းလှမြို့ ဆင်တဲကုန်းရွာက စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ မင်းလှ ဆင်တဲကုန်းရွာရဲ့ စာကြည့်တိုက်မှာ စကစရဲ့ ထွက်ပေါက်အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြေညာထားတဲ့ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာ” လို့ ဆိုပါတယ်။
မင်းလှမြို့ ဆင်တဲကုန်းရွာရှိ လူငယ်အားမာန်စာကြည့်တိုက်မှာ စစ်တပ်က ထွက်ပေါက်အနေနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြေညာထားတဲ့ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။
စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြေညာထားတဲ့ မဲစာရင်းတွေကို သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)က ရဲဘော်တွေက လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်တဲ့နေရာတွေအနီး သွားလာတာတွေ မပြုလုပ်ဖို့နဲ့ သတိထားနေထိုင်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။
