နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

နိုဝင်ဘာလ (၈)ရက်။

အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အနေနဲ့ ‌တပ်တော်ဝင်တဲ့ အခမ်းအနားကို ၂၀၁၀ခုနှစ်ကစပြီး (၁၅)နှစ်တာကာလထဲ (၁၅)ကြိမ်တိုင်တိုင် ပြုလုပ်ကာ လေတပ်ကို အင်အားဖြည့်တင်းပေးတာအပြင် အဆင့်မြှင့်တင်တာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို လေယာဉ်/ရဟတ်ယာဉ်တွေ အသစ်ထပ်မံ ဖြည့်တင်းတာနဲ့ အဆင့်မြှင့်တင်ခဲ့တာတွေကြောင့် စစ်တပ်ရဲ့ တိုက်ပွဲတွေမှာ အထောက်အကူများစွာ ဖြစ်စေခဲ့တဲ့အပြင် ဝေဟင်ပိုင်နက် စိုးမိုးလုံခြုံရေးကို ပိုမိုကောင်းမွန်စေခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး အခုအခါ ပြည်တွင်းမှာပါ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ လေယာဉ်/ရဟတ်ယာဉ်တွေ၊ ဒရုန်းနဲ့ ယူအေဗွီတွေအပါအဝင် လေကြောင်းစွမ်းအင် အရင်းအမြစ်တွေဟာ မရှိမဖြစ် လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မနေ့ပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယာဉ် တပ်တော်ဝင်အခမ်းအနားမှာ စစ်တပ်က သယ်ယူပို့ဆောင်ရေးလေယာဉ် (၂)စီးနဲ့ Mi-38 ရဟတ်ယာဉ် (၃)စီးကို ထပ်မံဖြည့်တင်းခဲ့တာပါ။

ဒီလို တပ်တော်ဝင်ခဲ့တဲ့ လေယာဉ်/ရဟတ်ယာဉ်တွေဟာ စစ်တပ်အတွက်သာမက နိုင်ငံနဲ့ ပြည်သူအတွက်ပါ အကျိုးကျေးဇူးများစွာ ပေးမှာဖြစ်တယ်ဆိုပြီးလဲ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။

ဒါပေမယ့် စစ်တပ်ဟာ နိုင်ငံတဝန်းမှာတော့ လေကြောင်းတိုက်ခိုက်တာတွေ ပိုမိုပြုလုပ်လာပြီး ပြီးခဲ့တဲ့ အောက်တိုဘာလထဲ လေကြောင်းတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၁၂၄)ကြိမ်ရှိကာ ပြည်သူ (၁၆၀)ကျော်သေဆုံးပြီး (၃၀၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 10 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 11 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 10 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး
မြန်မာသတင်း

မိုးကုတ်မြို့အတွက် တောင်းပန်ဖို့ စကားလုံးမရှိလို့ TNLA ခေါင်းဆောင် ဗိုလ်ချုပ် တားဘုန်းကျော်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 10 Views
ဒီဇင်ဘာလ (၁)ရက်။ မိုးကုတ်မြို့နဲ့ပတ်သက်ပြီး တောင်းပန်ဖို့ စကားလုံးမရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ် တားဘုန်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နှင်းသီးကြွေ ခြေစုံခိုက် ရင်ဝယ်ဆူးစိုက် လောင်မြိုက်မျက်ရည် အို… မိုးကုတ်
မြန်မာသတင်း

တော်လှန်ရေးအင်အားစုတွေ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ အလွန်အားနည်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 8 Views
ဒီဇင်ဘာလ (၁)ရက်။ တော်လှန်ရေးအင်အားစုတွေဟာ စစ်မှုထမ်းဥပဒေအရေး တုံ့ပြန်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်လုပ်ဆောင်တာ အလွန်အားနည်းနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ ‌လေ့လာရေးအဖွဲ့(MDSI)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ရည်မှန်းချက်အတိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီး တန်ပြန်ထိုးစစ်တွေမှာ
မြန်မာသတင်း

ဒါရိုက်တာ မိုက်တီးနဲ့ သရုပ်ဆောင် (၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ထောင် (၇)နှစ်စီချခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ထောင် (၇)နှစ်စီ ချမှတ်ခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်တပ်က ဝါဒဖြန့်ရိုက်ကူးတဲ့ ‌” ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ရုပ်ရှင်ကို
မြန်မာသတင်း

မိုးကုတ်မြို့ထဲ စစ်ကော်မရှင်တပ်တွေ ဝင်ရောက်လာ၊ 

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 43 Views
တိုက်ပွဲပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေ နိုဝင်ဘာလ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်ကစပြီး မန္တလေးတိုင်း မိုးကုတ်မြို့ထဲကို စစ်ကော်မရှင်တပ်တွေ စတင်ဝင်ရောက်လာခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနေ့က ည‌ပိုင်းလောက်ကစပြီး မြို့ထဲကို
မြန်မာသတင်း

မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်
  • 39 Views
နိုဝင်ဘာလ (၃၀)ရက်။ မန္တလေးလွှတ်တော်က မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ အတည်ပြုဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ မန္တလေးလွှတ်တော်ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပေးခဲ့တာနဲ့ ကောင်စီဝင်တွေက ကတိသစ္စာပြုခဲ့တာတို့ကို