နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငလျင်ဒဏ်သင့်ဒေသတွေမှာ လုယက်ဓါးပြတိုက်တာတွေရှိရင် တိုင်ဖို့ စစ်ကောင်စီပြောပေမယ့် ထိထိရောက်ရောက် တားဆီးနိုင်တာမရှိသေး

ဧပြီလ (၉)ရက်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ လုယက်တာတွေနဲ့ ဓါးပြတိုက်တာတွေရှိရင် တိုင်ကြားနိုင်တယ်ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံပိုင်သတင်းစာတွေကနေတဆင့် အသိပေးပြောဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ငလျင်ဒဏ်သင့်ဒေသတွေမှာ လုယက်ဓါးပြတိုက်တာတွေ ဖြစ်ပေါ်ရင် တိုင်ကြားနိုင်ဖို့ စစ်ကောင်စီရဲတပ်ဖွဲ့တွေက သက်ဆိုင်ရာနယ်မြေရဲစခန်းတွေရဲ့ ဖုံးနံပါတ်တွေဆိုပြီး ပူးတွဲထုတ်ပြန်ထားပါတယ်။

နောက်ပြီး လူမှုကွန်ရက်အချို့မှာလဲ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ နေပြည်တော်ရှိ အိမ်ရာနဲ့ အပျိုဆောင်အချို့တို့မှာ လုယက်တာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်က ကောလာဟလလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကိုင်းငလျင်ကြောင့် ပျက်စီးခဲ့တဲ့ နေပြည်တော်နယ်မြေထဲ စစ်ကောင်စီက နေ့လယ်တချိန်နဲ့ ညပိုင်းတချိန်တို့မှာ လှည့်ကင်းတွေ၊ ကင်းပုန်းချတာတွေနဲ့ လုံခြုံရေးဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

ထိခိုက်ပျက်စီးခဲ့တဲ့ လူနေအဆောက်အအုံတွေမှာ ခိုးယူလုယက်တာတွေ ရှိနေတာကို မဟုတ်ဘူးလို့ စစ်ကောင်စီက ပြောဆိုနေပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကိုယ်တိုင် ကြုံတွေ့နေရပါတယ်။

“ သူတို့ကသာ မဟုတ်ဘူး ကောလာဟလဆိုပြီး ပြောနေတာ၊ ဒီမှာတော့ ငလျင်လှုပ်ပြီး လူမနေတဲ့ အဆောက်အအုံတွေမှာ ခိုးတာနဲ့ လုတာတွေက နေ့တိုင်းကြုံနေရတာ။ ဒါကို မြေပြင်သေချာမကြည့်ဘဲ ဖုန်းဆက်တိုင်တာမရှိလို့ ကောလာဟလဆိုပြီး ထိုင်ပြောနေတာ” လို့ ‌မြို့နေသူတစ်ဦးက ဆိုပါတယ်။

ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အအုံတွေမှာ လုယက်ခိုးယူတာတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိထိရောက်ရောက် တားဆီးနိုင်တာမရှိတဲ့အတွက် Non-CDM ဝန်ထမ်းတွေ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရပါတယ်။

နောက်ပြီး စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာ အများဆုံးရှိခဲ့တဲ့ မန္တလေးမြို့မှာလဲ လူမနေတဲ့ အဆောက်အဦးတွေကနေ ပစ္စည်းဥစ္စာတွေကို ဝင်ရောက်လုယက်ခိုးယူတာတွေ ရှိနေတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုထားတာတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူ့အကျိုးကိုသာ ရှေးရှုဆောင်ရွက်ပေးနေတယ်ဆိုပြီး ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 13 Views
ဇန်နဝါရီလ (၁၅)ရက်။ ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ရည်မှန်းချက်ထား ဆောင်ရွက်ပေးနေတယ်လို့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ကယားပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ
မြန်မာသတင်း

ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်းကို မူးယစ်ဆေးဝါးတွေနဲ့အတူ PDF ဖမ်းမိ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 19 Views
ဇန်နဝါရီလ (၁၅)ရက်။ မနေ့က မြင်းခြံမြို့က ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ခင်ပွန်း စိန်လွင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပြည်ပသံရုံးတရုံးနဲ့ တွေ့ဆုံတာကြောင့် ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင်တဦးကို ဖမ်းဆီးတာလို့ စစ်တပ် ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 14 Views
ဇန်နဝါရီလ (၁၅)ရက်။ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ပါတီဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ပြည်ပသံရုံးတရုံးနဲ့ လျှို့ဝှက်စွာတွေ့ဆုံတာကြောင့် ဖမ်းဆီးတာဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ ဒီဇင်ဘာလ (၁၈)ရက်နေ့က ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ
မြန်မာသတင်း

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 34 Views
ဇန်နဝါရီလ (၁၄)ရက်။ မနေ့က ညနေပိုင်းအချိန်က ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ပါတီနဲ့နီးစပ်သူတွေထံက သိရပါတယ်။ “ ဒေါ်သက်သက်ခိုင်ကို စစ်တပ်က လာဖမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ မနေ့ ညနေကပဲ ဗဟန်းက သူ့ရဲ့နေအိမ်မှာ လာဖမ်းသွားတာ။
မြန်မာသတင်း

တနှစ်တာထဲ KNU တပ်မဟာ(၅)မှာ တိုက်ပွဲပေါင်း (၁၀၀၀)ကျော် ဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 24 Views
ဇန်နဝါရီလ (၁၄)ရက်။ ပြီးခဲ့တဲ့ (၁)နှစ်တာကာလထဲ KNU တပ်မဟာ(၅)မှာ စစ်တပ်နဲ့ တိုက်ပွဲပေါင်း (၁၁၁၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေထဲ စစ်တပ်ဘက်က (၂၈၄)ဦးသေဆုံးပြီး (၄၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေထဲ G-3
မြန်မာသတင်း

PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် ဖိတ်ခေါ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 25 Views
ဇန်နဝါရီလ (၁၄)ရက်။ PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေ ဥပဒေဘောင်ထဲ ဝင်ရောက်ဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ထပ်မံဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ငြိမ်းချမ်းရေးဆိုတာဟာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရရှိမှာဖြစ်တာကြောင့် ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကို
မြန်မာသတင်း

UDLA က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 45 Views
ဇန်နဝါရီလ (၁၃)ရက်။ ပြည်ထောင်စု ကာကွယ်ရေးနဲ့ လွတ်မြောက်ရေးမဟာမိတ်တပ်ပေါင်းစု(UDLA)က NUG ဆီ ပြစ်တင်ရှုတ်ချလွှာတစောင် ပေးပို့ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ UDLA က ပေးပို့တဲ့ ပြစ်တင်ရှုတ်ချလွှာမှာ အချက် (၄)ချက်နဲ့ ဖော်ပြထားပြီး NUG
မြန်မာသတင်း

ရက်မြို့ကို မဲပုံးတွေလာပို့တဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်
  • 36 Views
ဇန်နဝါရီလ (၁၃)ရက်။ မနေ့က နံနက် (၁၁)နာရီကျော်အချိန်က သရက်မြို့ကို မဲပုံးတွေလာပို့တဲ့ အင်အား (၂၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းတုန်းမြို့ကနေ သရက်မြို့ကို မဲပုံးတွေလာပို့တဲ့