နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

စက်တင်ဘာလ (၉)ရက်။

အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို ထိခိုက်ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။

‌အခုအခါ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍက ခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံက လူမှုအသိုက်အဝန်းအားလုံး လုံခြုံစွာ ပညာသင်ကြားနိုင်ဖို့ ယူကေအစိုးရက ဆက်လက်ကတိကဝတ်ပြုထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယူကေအစိုးရအနေနဲ့ မိတ်ဖက်အဖွဲ့တွေနဲ့ လက်တွဲပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ထဲ မြန်မာနိုင်ငံတဝန်းက ပညာရေးအစီအစဉ်တွေကို ပံ့ပိုးကူညီခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီပံ့ပိုး‌တာတွေဟာ ကျောင်းသား၊ကျောင်းသူ (၄၄၀၀၀၀)ကျော်နဲ့ ဆရာ၊ဆရာမ (၃၄၀၀၀)ကျော်ထံ ရောက်ရှိခဲ့ပြီး ပဋိပက္ခတွေအကြား ဆက်လက်ပညာသင်ယူနိုင်ဖို့ အထောက်အကူဖြစ်စေခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာတွေကို တိုးမြှင့်ပြုလုပ်လာပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေနေတဲ့ နေရာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာကြောင့် နိုင်ငံတကာက ဖိအားပေးအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သီတင်းကျွတ်လပြည့်နေ့ သီပေါနဲ့ နမ္မတူကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 36 Views
အောက်တိုဘာလ (၆)ရက်။ သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ ဒီကနေ့ နံနက် (၇)နာရီခွဲကျော်အချိန်က သီပေါနဲ့ နမ္မတူမြို့တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA
မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၅)

  • 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်
  • 46 Views
+++++++++++++++++++++++++++++++++++++++++++ ဒီအပတ်ခေါင်းစဥ်ကတော့ “ရွေးကောက်ပွဲလုပ်မှာက စကမ တရားစီရင်ရေးက တရုတ်လက်ထဲ စိုးမိုးနယ်မြေဘယ်မှာလဲ” ဖြစ်ပါတယ်၊ စစ်ကော်မရှင်တဖြစ်လဲ စစ်အုပ်စုက ရွေးကောက်ပွဲကို စိုင်းပြင်းနေပြီး
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 50 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီက ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို
မြန်မာသတင်း

မင်းအောင်လှိုင် မန္တလေးရောက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 42 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကညပိုင်းမှာ
မြန်မာသတင်း

ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေက မလေးရှားနိုင်ငံလောက်ရှိပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 33 Views
အောက်တိုဘာလ (၄)ရက်။ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက မလေးရှားနိုင်ငံရဲ့ အကျယ်အဝန်းလောက်ရှိပြီလို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ရဲ့ ထိန်းချုပ်စိုးမိုးဒေသဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တရုတ်နိုင်ငံကို သားဖြစ်သူ တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 28 Views
အောက်တိုဘာလ (၄)ရက်။ မတရားဖမ်း‌ဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တရုတ်နိုင်ငံအနေနဲ့ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ တရုတ်နိုင်ငံကို တောင်းဆိုခြင်း”
မြန်မာသတင်း

အကျဉ်းသားထွက်ပြေးတာတွေရှိတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 42 Views
အောက်တိုဘာလ (၃)ရက်။ မြေပြင်မှာ အကျဉ်းသားထွက်ပြေးတာတွေ ရှိနေတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG တရားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးက မြို့နယ်တရားသူကြီးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု မြေပြင်မှာ
မြန်မာသတင်း

ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 47 Views
အောက်တိုဘာလ (၃)ရက်။ အောက်တိုဘာလ (၁)ရက်နေ့ ညနေ (၆)နာရီအချိန်က ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဖြစ်တာက ညနေ (၆)နာရီလောက် ရုံးပေါင်းစုံကနေ Alphard