ဒီဇင်ဘာလ (၉)ရက်။
ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေလူကူးတံတားအအနီးမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ထံက သိရပါတယ်။
“ ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားနားမှာ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တာနဲ့ မနက်ဖြန်ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ ပါဝင်ကြဖို့အတွက် အသိပေးနှိုးဆော်တာ” လို့ ဆိုပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆန့်ကျင်ဖို့၊ အသံတိတ်သပိတ်မှာ ပါဝင်ဖို့နဲ့ လူထုလွတ်မြောက်ဖို့အတွက် လူထုကိုယ်တိုင်ရုန်းရမယ်ဆိုတာ အသိပေးတာလို့ ဖော်ပြထားပါတယ်။
နောက်ပြီး အတုအယောင်ရွေးကောက်ပွဲနဲ့ အလွန်ကာလမှာလဲ လူထုရဲ့ ပုန်ကန်အန်တုမှုရှိမှသာ လွတ်မြောက်နိုင်မယ်ဆိုတာကို ပြည်သူတွေ တော်လှန်ရေး အသိ၊သတိရှိစေဖို့ ရန်ကုန်လူထုသပိတ်ရဲဘော်တွေက လှုံ့ဆော်ခဲ့တာလို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဓါတ်ပုံထဲက “ အမှိုက်ပုံး” ဟာ အတုအယောင်ရွေးကောက်ပွဲရဲ့ “ မဲပုံး” တွေကို ရည်ရွယ်ပြီး စစ်တပ်ကျင်းပမယ့် “ ရွေးကောက်ပွဲ မဲပုံး” တွေမှာ ပြည်သူ့ချဉ်ဖတ်ကိုယ်စားလှယ်လောင်းတွေ(သို့)သုံးစားမရတဲ့ ပြည်ဖျက်အမှိုက်တွေသာ စုပုံစွန့်ပစ်ခံထားရမယ့် “ အမှိုက်ပုံး” တွေဆိုပြီး မှတ်ယူဖို့ ကြေညာထားပါတယ်။
မနက်ဖြန် ဒီဇင်ဘာလ (၁၀)ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့အနေနဲ့ အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
အဲ့ဒီအသံတိတ်သပိတ်ကို မနက်ဖြန် နံနက် (၁၀)နာရီကနေ နေ့လယ် (၃)နာရီအထိ ပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ သိရပါတယ်။










