နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

သစ်တောဝန်ထမ်းတွေ လုပ်ကြံသတ်ဖြတ်ခံရတာ‌တို့ကြောင့် သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဌာန ထုတ်ပြန်

ဒီဇင်ဘာလ (၉)ရက်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍရဲ့ သယံဇာတစီမံခန့်ခွဲမှုကို ယာယီရပ်ဆိုင်းတယ်လို့ NUG ရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဝန်ကြီးဌာနအနေနဲ့ NUG စိုးမိုးနယ်မြေထဲ သယံဇာတတွေ ရေရှည်တည်တံ့စေဖို့၊ လူမှုစီးပွားအခြေခံလိုအပ်ချက်အတွက် အထောက်အပံ့ဖြစ်စေဖို့နဲ့ အခွန်ငွေတွေရရှိဖို့ သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာ ကြားကာလအရေးပေါ်လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲကျင့်သုံးနေတာလို့ ဆိုပါတယ်။

အဲ့ဒီလိုစီမံခန့်ခွဲရာမှာ ၂၀၂၂ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လအထိ တော်လှန်ရေးအစိုးရအတွက် ဘဏ္ဍာ‌ရန်ပုံငွေ ကျပ် (၂၈)ဘီလီယံကျော်ကို ရှာဖွေပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ဝန်ကြီးဌာနလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် CDM ဝန်ထမ်း အင်အား (၈၀)ရာခိုင်နှုန်းနဲ့ ဆောင်ရွက်နေတာလို့ ရေးသားထားပါတယ်။

ဒါပေမယ့် ညွှန်ကြားချက်တွေနဲ့အညီ ဝန်ထမ်းတွေက လုပ်ငန်းအကောင်အထည်ဖော်ရာမှာ အတားအဆီးနဲ့ ဖိအားတွေ၊ လက်နက်အားကိုးနဲ့ အန္တရာယ်ပြုခြိမ်းခြောက်တာတွေနဲ့ လုပ်ကြံသတ်ဖြတ်တာတွေ ပေါ်ပေါက်လာတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီဖြစ်စဉ်တွေမှာ ထိုက်သင့်တဲ့ဖြေရှင်းမှုရရှိဖို့ တာဝန်ရှိသူတွေက အစိုးရအဖွဲ့ထဲ ကြိုးစားညှိနှိုင်းခဲ့ပေမယ့် တိုးတက်မှုမရှိသလို အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဝန်ထမ်းတွေအတွက်ပါ အန္တရာယ်မကင်းတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ဝန်ကြီးဌာနရဲ့ သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍအနေနဲ့ သစ်နဲ့ သစ်တောထွက်ပစ္စည်းတွေ တရားမဝင် ထုတ်လုပ်သယ်ဆောင်တာကို တားမြစ်အရေးယူတာနဲ့ အခွန်ဒဏ်ကြေးကောက်တာအပါအဝင် စီမံခန့်ခွဲတဲ့ကိစ္စတွေကို အခုလ (၁)ရက်နေ့ကစပြီး ယာယီရပ်ဆိုင်းပြီး အကြံဉာဏ်ပေးတာနဲ့ အသိပညာပေးတာတို့သာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စီမံခန့်ခွဲမှုကို ရပ်ဆိုင်းတာဟာ ဝန်ထမ်းတွေရဲ့ လုံခြုံရေးကို ရှေ့ရှုပြီး သယံဇာတစီမံအုပ်ချုပ်မှု ပဋိပက္ခတွေ လျော့ချဖို့ကိုသာ ဦးတည်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သစ်တော၊ ပတ်ဝန်းကျင်ကဏ္ဍ ဝန်ထမ်းတွေအနေနဲ့လဲ NUG အပါအဝင် ပြည်သူနဲ့အတူ တော်လှန်ရေးရပ်တည်ချက်နဲ့ ယုံကြည်မှုတွေကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တော်လှန်ရေးမှာ မမှိတ်မသုန် ပါဝင်နေတယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 14 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 18 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 13 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 23 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 33 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 25 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့