နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

အာဏာရှင်အဆက်ဆက်ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ရွှေညဝါဆရာတော် ပျံလွန်တော်မူ

ဇူလိုင်လ (၁၀)ရက်။

ဒီကနေ့ နံနက် (၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန်ရှိ အာရှတော်ဝင်ဆေးရုံမှာ ရွှေညဝါဆရာတော် အရှင်ပညာသီဟ ပျံလွန်တော်မူခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဒီကနေ့ နံနက် (၂)နာရီ (၄၅)မိနစ်အချိန်မှာ ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူသွားပါပြီ” လို့ ဆရာတော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရွှေညဝါဆရာတော်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာ အသည်းရောဂါဝေဒနာကို ခံစားခဲ့ရပြီး အာရှတော်ဝင်ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် ပျံလွန်တော်မူခဲ့တာပါ။

အခုအခါ ရွှေညဝါဆရာတော်ရဲ့ ရုပ်ကလာပ်ကို မှော်ဘီမြို့ ဘန့်ဘွေးကုန်းရွာရှိ ရွှေညဝါတောရ သာသနာပြုကျောင်းတိုက်ကို ပြန်လည်ပင့်ဆောင်ခဲ့ကာ ဈာပနအခမ်းအနားအစီအစဉ် အသေးစိတ်ကိုတော့ မသိရသေးပါ။

‌ရွှေညဝါဆရာတော်ဟာ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် (၂)နှစ် ချမှတ်ခံခဲ့ရကာ ၂၀၂၂ခုနှစ်ထဲ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ရွှေညဝါဆရာတော် အရှင်ပညာသီဟဟာ စစ်အာဏာရှင်အဆက်ဆက်ကို ဓမ္မနည်းလမ်းနဲ့ ဆန့်ကျင်တော်လှန်ခဲ့ပြီး စစ်တပ်ရဲ့ မတရားဖမ်းဆီးတာကိုလဲ မကြာခဏ ခံခဲ့ရသလို တရားဟောခွင့်ပါ ပိတ်ပင်ခံခဲ့ရတာပါ။

ဒါ့အပြင် ရွှေညဝါဆရာတော်ဟာ ၂၀၀၄ခုနှစ်ကစပြီး ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့ကာ ဗုဒ္ဓစာပေတွေကို ခေတ်နဲ့အညီ သင်ကြားပို့ချခဲ့သလို ဓမ္မစရိယ၊ ပါရာဇိကဏ်ကျမ်းစွဲ အောင်မြင်ခဲ့ပြီး အမျိုးသားဓမ္မာစရိယစာမေးပွဲမှာ သာသနာပါလဓမ္မစရိယဘွဲ့ကို ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူး ဇေယျဝတီမြိုရှိ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး တပ်ကြပ်တဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ပဲခူးတိုင်း ဇေယျဝတီမြိုရှိ အကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျဝတီသကြားစက်နားက
မြန်မာသတင်း

တိုက်ပွဲကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးမပြုဖို KNDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 15 Views
ဖေဖော်ဝါရီလ (၆)ရက်။ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကို လုံးဝအသုံးပြုသွားလာတာ မလုပ်ကြဖို KNDF က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီမော့ဆို-ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲလမ်းမကြီးနဲ့
မြန်မာသတင်း

ဆောမြိုနယ်ထဲ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က ညနေ (၅)နာရီခန့်က ဆောမြိုနယ်ရှိ မိအယ်ရွာကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညနေ (၄)နာရီ (၅၅)မိနစ်လောက်မှာ ဆောနယ်
မြန်မာသတင်း

မင်းအောင်လှိင်ကို ဘွဲပေးတာက ငရဲခွေးကြီးကို ဘွဲဝတ်ရုံ ဆင်မြန်းပေးတာလိုဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၆)ရက်။ မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ကို ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမမှာ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပါရဂူဘွဲပေးခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲ့ဒီလို မင်းအောင်လှိင်ကို စစ်အုပ်စုခန့်ထားတဲ့ လက်အောက်ခံ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲက ဘွဲပေးခဲ့တဲ့အပေါ် ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊
မြန်မာသတင်း

ရွှေဈေးကစားတယ်ဆိုပြီး ရန်ကုန်ရွှေရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌအပါအဝင် (၃)ဦးကို စစ်ကော်မရှင်ဖမ်းဆီး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆)ရက်။ ပြည်တွင်းရွှေဈေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ရန်ကုန်တိုင်း သတ္တု(ရွှေ)ရောင်းဝယ်သူများအသင်းရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတိုကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က ဖမ်းဆီးခဲ့သူ (၃)ဦးဟာ ဥက္ကဋ္ဌ ဦးမျိုးမြင့်(သိန်းသန်း စိန်ရွှေရတနာဆိုင်)၊
မြန်မာသတင်း

New York Times

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 49 Views
အာဏာသိမ်းပြီး နှစ်အနည်းငယ်အကြာတွင် မြန်မာ့ပြည်ပရောက်အစိုးရ အရာမရောက် ဖြစ်လာသည့်အခြေအနေသို့ ဆိုက်ရောက်နေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို စစ်ကောင်စီအား ဆန့်ကျင်သည့် ဒီမိုကရေစီ လိုလားသော အစားထိုးအစိုးရအဖြစ် ဖွဲ့စည်းခဲ့သော်လည်း
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 45 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ (၅)နာရီ (၄၀)မိနစ်လောက်မှာ မြောက်ဆည်ရွာအရှေ့ထိပ်ကို တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာတစီးနဲ့ ပေါင်(၂၀၀)ဗုံးကော၊
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 40 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya Mon Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၃)ရက်နေ့