နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချ

စက်တင်ဘာလ (၁၀)ရက်။

တောင်ကြီးမြို့က အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၅)ရက်နေ့က တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်(၁)က အသက်(၃၆)နှစ်အရွယ် ကိုနေသွေးဆိုသူကို လူမှုကွန်ရက်စာမျက်နှာမှာ ရွေးကောက်ပွဲပျက်ပြားအောင် လှုံ့ဆော်တာကြောင့်ဆိုပြီး စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

အဲ့ဒီလိုဖမ်းဆီးပြီးနောက် ကိုနေသွေးကို အေးသာယာနယ်မြေရဲစခန်းက ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ (၂၃)(က)နဲ့ အမှုဖွင့်ကာ စစ်တပ်လက်အောက်ခံ မြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့တာလို့ သိရပါတယ်။

စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ကိုနေသွေးဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ မဲပေးဖို့ချည်း ဇွတ်ပြောပြီ၊ မင်းတို့က ဘာကောင်တွေလဲ၊ ….သေချာကြည့် ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား၊ အလကားနေ ဘာမှ …. မရှိဘဲ ပြည်သူဆီကပဲ လိုချင်ရင်တော့ …. “ လို့ ရေးသားထားတယ်ဆိုပြီး ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကလဲ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ အစည်းအဝေးမှာ ‌စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က အွန်လိုင်းမီဒီယာအသုံးပြုပြီး ရွေးကောက်ပွဲပျက်‌ပြားအောင် လှုံ့ဆော်ဝါဒဖြန့်သူတွေကို ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းပြီးနောက် စက်တင်ဘာလ (၂)ရက်နေ့အထိ ‌အွန်လိုင်းပေါ်မှာ ရွေးကောက်ပွဲပျက်ပြားအောင် ရေးသားတယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့အမှု (၃)မှုအထိရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ အခုနှစ်ကုန် ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း (၁)ကို ကျင်းပဖို့ ပြင်ဆင်နေပေမယ့် ပြည်သူတွေက စိတ်ဝင်စားမှု နည်းပါးနေသလို တော်လှန်ရေးအင်အားစုတွေကလဲ ဆန့်ကျင်ကန့်ကွက်ဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့