နိုဝင်ဘယလ (၁၀)ရက်။
မြဝတီမြို့ KK Park နယ်မြေထဲက ကျားဖြန့်လုပ်ငန်းတွေအတွက် စုဖွဲ့နေထိုင်ခဲ့တဲ့ အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးနေတယ်ဆိုပြီး စစ်တပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေထဲမှာ လူနေအဆောက်အအုံ၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ KTV တို့အပါအဝင် စုစုပေါင်း အဆောက်အအုံ (၁၄၈)လုံး တည်ရှိတယ်လို့ ဆိုပါတယ်။
အခုအခါ အဲ့ဒီနယ်မြေထဲရှိ အဆောက်အအုံ (၁၀၁)လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ကျန်ရှိတဲ့ (၄၇)လုံးကို ဆက်လက်ဖြိုချသွားမယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး KK Park နယ်မြေထဲ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားနဲ့ ဒုစရိုက်မှု ကျူးလွန်ခဲ့တဲ့ ပြည်ပနိုင်ငံသား (၉၀)ရာခိုင်နှုန်းကျော်ဟာ ထိုင်းနိုင်ငံကနေတဆင့် ရောက်လာတာလို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ (၃၀)ရက်ကစပြီး နိုဝင်ဘာလ (၅)ရက်နေ့အထိ နိုင်ငံထဲ တရားမဝင် ဝင်ရောက်ပြီး KK Park နယ်မြေမှာ ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံငား (၁၀၀၀၀)ကျော်ကို ဖမ်းမိခဲ့ပြီး (၉၀၀၀)ကျော်ကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒီလို KK Park နယ်မြေထဲ စစ်တပ်က ရုပ်ရှင်ဆန်ဆန် ဝင်ရောက်ဖမ်းဆီးပြတာတွေကို ပြီးခဲ့တဲ့လပိုင်းက ပြုလုပ်ခဲ့ကာ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင် အယောင်ပြစီးနင်းတာလို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် KK Park နယ်မြေကနေ KNU က အကျိုးအမြတ်ရနေတယ်လို့ စစ်တပ်က စွတ်စွဲခဲ့တဲ့အပေါ် KNU ဘက်က ပြန်လည်ငြင်းဆိုထားပြီး မဟုတ်မမှန် သတင်းမှားဖြန့်တာလို့ ပြောဆိုထားချက်အရ သိရပါတယ်။








