နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော် သေဆုံးခဲ့

တောင်ပိုင်းစစ်ဒေသတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၄၀၀)ကျော်သေဆုံးခဲ့

ဇန်နဝါရီလ (၁၁)ရက်။

၂၀၂၄ခုနှစ်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁၃)ဦး သေဆုံးခဲ့ပြီး (၃၁၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ တောင်ပိုင်းစစ်ဒေသ ဗျူဟာ(၃၂) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း (၈၈)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တစ်နှစ်တာတိုက်ပွဲတွေထဲ စစ်ကောင်စီထံက စစ်သုံ့ပန်း (၂၁)ဦး ဖမ်းဆီးရမိခဲ့ပြီး သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဖော်ပြထားတယ်။

နောက်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ (၁၀၀)ကျော်နဲ့ လက်နက်ကြီးပစ်ကူ (၆၃၇၄)ကြိမ်ထက်မနည်း ရှိခဲ့ကာ တော်လှန်ရေးရဲဘော် (၄၀)ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၉၀)ဦးရှိတယ်လို့ ပြောဆိုထားပါတယ်။

တိုက်ပွဲတွေထဲ စစ်ကောင်စီထံ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်သားဦးရေ (၂၃)ဦး အလင်းဝင်လာခဲ့တယ်လို့ ရေးသားထားပါတယ်။

တောင်ပိုင်းစစ်ဒေသထဲ စစ်ဒေသခွဲ အမှတ်(၃) ဗျူဟာ (၃၂) စစ်ကြောင်းတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနဲ့ Venom စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG ခေါ်ယူ

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 2 Views
ဇွန်လ (၁၇)ရက်။ တနင်္သာရီတိုင်းမှာ တာဝန်ထမ်းဆောင်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို NUG က ခေါ်ယူနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG
မြန်မာသတင်း

လုံးခင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 14 Views
ဇွန်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေမှောရွာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့
မြန်မာသတင်း

တပတ်ထဲ ပြည်တွင်းမှာ ကိုဗစ်အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 19 Views
ဇွန်လ (၁၇)ရက်။ ပြီးခဲ့တဲ့ တပတ်တာကာလထဲ ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ ကိုဗစ်(၁၉) အတည်ပြုလူနာ (၅၂)ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၈)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ တပတ်ထဲ ဓါတ်ခွဲနမူနာစုစုပေါင်း (၂၂၈၅)ခုကို
မြန်မာသတင်း

CDM ဥပဒေပါ ပြဋ္ဌာန်းချက်တွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေပြီး ကန့်ကွက်တယ်လို့ DDMSC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 18 Views
ဇွန်လ (၁၇)ရက်။ CRPH ထုတ်ပြန်တဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ သွေဖည်နေတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ-ထားဝယ်(DDMSC)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDM ဟာ စစ်အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နိုင်ငံရေးအံတုမှုနည်းလမ်းနဲ့ ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတရပ်ဖြစ်ကာ
မြန်မာသတင်း

အကျဉ်းချခံ ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့်မွေးနေ့အတွက် ‌ကိတ်မုန့်ပေးပို့ထား

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 16 Views
ဇွန်လ (၁၇)ရက်။ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ အသက် (၈၀)နှစ်ပြည့် မွေးနေ့ကိတ်မုန့်ကို ထောင်အာဏာပိုင်တွေဆီ ပေးပို့ထားတယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)နှစ်ပြည့် မွေးနေ့‌အတွက် သူမရဲ့ရုပ်ပုံပါ ကိတ်မုန့်ကို ရှေ့နေအဖွဲ့နဲ့ မိတ်ဆွေတွေက
မြန်မာသတင်း

နာမည်ကျော် ဗြိတိန်ထောက်လှမ်းရေးအေဂျင်စီ MI6 အတွက် အမျိုးသမီးတစ်ဦးကို ပထမဦးဆုံး အကြီးကဲအဖြစ် ခန့်အပ်

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 21 Views
ဇွန်လ (၁၇) ရက်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စာတာမာ (Keir Starmer) သည် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ထောက်လှမ်းရေးအေဂျင်စီ MI6 ကို ဦးဆောင်ရန် အမျိုးသမီးတစ်ဦးကို ခန့်အပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယခုဆောင်းဦးရာသီတွင် အကြီးအကဲအဖြစ်
ဂျပန် နိုင်ငံတကာသတင်း မြန်မာသတင်း

ဂျပန်ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံရသော ဒေသများသို့ ချက်ချင်းနေနိုင်သော လုံးချင်းအိမ်များ လှူဒါန်းရန် စီစဉ်နေကြောင်း သိရသည်။

  • 2025 ခုနှစ်၊ ဇွန်လ 17 ရက်
  • 33 Views
ဇွန်လ (၁၇) ရက်။ ဂျပန်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် Lifull ArchiTech Co.,Ltd သည် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကြောင့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများတွင် လူသေဆုံးမှုများနှင့် ဆိုးရွားစွာ
မြန်မာသတင်း

အိုးဘိုထောင်မှာ ကိုဝေမိုးနိုင်အပါအဝင် နိုင်/ကျဉ်းတွေ ရိုက်နှက်ခံရတဲ့ဖြစ်စဉ်ထဲ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေး

  • 2025 ခုနှစ်၊ ဇွန်လ 16 ရက်
  • 28 Views
ဇွန်လ (၁၆)ရက်။ အိုးဘိုထောင်မှာ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရတာမှာ ဒဏ်ရာရသူတွေ ဆေးကုသခွင့်မရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၁၁)ရက်နေ့က မုံရွာထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သံခြေကျဉ်းတွေခတ်ပြီး