နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

MOD အောက်ကနေနှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်း MLA နဲ့ပူးပေါင်း

ဖေဖော်ဝါရီလ (၁၁)ရက်။

MOD အောက်ကနေ နှုတ်ထွက်သွားတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)နဲ့ အလုံးစုံ ပူးပေါင်းလိုက်ပြီဖြစ်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

KNU တပ်မဟာ (၆)နယ်မြေထဲ စစ်ရေးဖော်ဆောင်တာတွေ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂဋ္ဌုန်စစ်ကြောင်းဟာ MLA ရဲ့ COC အောက်ရှိ ဂဋ္ဌုန်စစ်ကြောင်းအနေနဲ့ ဖေဖော်ဝါရီလ (၁)ရက်ကစပြီး အလုံးစုံ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ဂဋ္ဌုန်စစ်ကြောင်းအနေနဲ့ MOD အောက်က နှုတ်ထွက်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေဖို့နဲ့ စစ်ရေးဖော်ဆောင်တာတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ကာ MLA နဲ့ ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြထားပါတယ်။

နောက်ပြီး မွန်ပြည်နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက်မှာလဲ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့အတွက် တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

ဂဋ္ဌုန်စစ်ကြောင်းဟာ MOD အောက်မှာ ၂၀၂၂ခုနှစ် မတ်လကစပြီး တာဝန်ထမ်းဆောင်ခဲ့ကာ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲ၊ ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲ၊ ချောင်နှစ်ခွတိုက်ပွဲ၊ ကမ်းနီတိုက်ပွဲတွေနဲ့ ကရင်ဒေသထဲက စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

‌အဲ့ဒီတော်လှန်ရေးတိုက်ပွဲတွေထဲ ဂဋ္ဌုန်စစ်ကြောင်းရဲဘော် (၂၀)ဦး အသက်ပေးလှူခဲ့ရပြီး ရဲဘော် (၅)ဦး ကိုယ်လက်အင်္ဂါတွေကို ပေးဆပ်စွန့်လွှတ်ခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလထဲ NUG PDF တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီးနောက် ဂဋ္ဌုန်စစ်ကြောင်းတပ်ဖွဲ့တွေဟာ PDF အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ ဆန္ဒမရှိတာကြောင့် နှုတ်ထွက်ခွင့် တင်ပြခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

အခုနှစ် ဇန်နဝါရီ (၂၉)ရက်နေ့မှာတော့ တရားဝင်ခွင့်ပြချက်ရရှိခဲ့ကာ ဂဋ္ဌုန်စစ်ကြောင်းဟာ PDF အောက်ကနေ ထွက်ရှိပြီးဖြစ်သလို တော်လှန်ရေးကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို
မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ MNA လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း