နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ရဲဘော် (၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Generation Z Army (GZA) ထုတ်ဖော်ပြော

ဧပြီလ (၁၁)ရက်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ချင်းညီနောင် (CB) နဲ့အတူ GZ မျိုးဆက်တပ်တော် (Generation Army (GZA)) ရဲ့ တပ်ဖွဲ့ဝင် (၇) ဦး ကျဆုံးခဲ့ရပြီး (၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ GZA တာဝန်ရှိသူက ပြောပါတယ်။

လွန်ခဲ့တဲ့ (၇) လကတည်းက ဒီဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးမစခင်ကတည်းက ချင်းညီနောင် (CB) နဲ့အတူ GZA လည်း အတူတူ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးမှာ GZA ရဲ့ ဒုစစ်ဦးစီးချုပ်ကိုယ်တိုင် ပါဝင်ခဲ့ပြီး AA ထံက စစ်သင်တန်းဆင်းလာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှေ့ဆုံးက ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ GZA စစ်သမီး (ဆေး) ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၆၂ ဦး ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖလမ်းမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လို့ မဟာမိတ်တပ်ပေါင်းစုဘက်မှာလည်း အကျအဆုံးတွေ များခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ GZA တပ်ဖွဲ့ဝင်ကတော့ ရဲဘော် လင်းယုန် (၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်)၊ ရဲဘော်ပြည့်ကြီး နဲ့ ရဲဘော် ကျီးကန်း (၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်)၊ ရဲဘော် ကျားနက် (၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်)၊ ရဲဘော် မောင်မောင် (ရက်မသိရသေး)၊ ရဲဘော် မျိုးကျော် (၂၀၂၅ ဧပြီလ ၇ ရက်) နဲ့ ကျန် (၁) ဦး အမည်မသိရသေးတို့ ဖြစ်ပါတယ်။ အဆက်အသွယ် မရသေးတဲ့ ရဲဘော်တွေလည်း ရှိသေးလို့ ကျဆုံးစာရင်း ပိုပြီးတိုးလာဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရ GZA တပ်ဖွဲ့ဝင်တွေကတော့ ရဲဘော် ဇေယျာ-ပေါင် ၄၀မမထိမှန်၊ ရဲဘော်ပါကြီး – ပထမအကြိမ်လက်ကျည်ထိမှန်၊ ဒုတိယအကြိမ်ဒရုံးဗုံး မျက်လုံးထိမှန်၊ ရဲဘော်သန့်ဇင်ထက်-၄၀မမထိမှန်၊ ရဲဘော် K4 – ခါး ကျည်ထိမှန်၊ ရဲဘော် မိုက်ခဲ -လက်၊ပေါင် ကျည်ထိမှန်၊ ရဲဘော် ဥသြ – ပေါင် ကျည်ထိမှန်၊ ရဲဘော် ဝေဖြိုး-ခြေထောက် ၄၀မမ ထိမှန်၊ ရဲဘော် ဖိုးသားကြီး – ခေါင်း စနိုက်ပါထိ၊ ရဲဘော်အင်ဂါ – ဗိုက် ၄၀မမထိမှန်၊ ရဲဘော် စွမ်းထက်-ပေါင် စနိုက်ပါထိမှန်-ရဲဘော် ဂူရှယ် – ပေါင် လက်ပစ်ဗုံးထိ၊ ရဲဘော် ဗိုက်ပူ – ကျည် ခြေထောက်ထိမှန် တို့ ဖြစ်ပါတယ်။

အသေးစိတ်ကို GZA ဘက်က ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

GZA ဟာ အာဏာသိမ်းပြီးစက ဝက်လက်မြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပေမယ့် NUG လက်အောက်ခံ ဝက်လက် ပသုံးလုံးနဲ့ ဒူချွန်စိုင်းသူတို့ ပူးပေါင်းပြီး နည်းမျိုးစုံတိုက်ခိုက်ခဲ့ကြလို့ မကွေးနဲ့ ရခိုင်ဘက်ကို ရွှေ့ပြောင်းခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ အခုအချိန်ထိ GZA ခေါင်းဆောင်ကို ဝရမ်းထုတ်ထားပြီး ဝက်လက်မြို့ထဲကို လာလို့ မရအောင် လုပ်ထားပေမယ့် ဝက်လက်မြို့နယ် အခြေစိုက် ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် ၂ ဦး ကို ပစ်သတ်ခဲ့ရာမှာတာဝန်အရှိဆုံး KIA ကလွှတ်ထားတဲ့ ဒူချွန်စိုင်းသူကတော့ ဒူပ အဖြစ် ရာထူးတက်သွားပြီး ကနီမြို့နယ်ထဲကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

KIA/KIO ကို ဒူချွန်စိုင်းသူအား ဒေသခံတွေက အရေးယူပေးဖို့ ပြောပေမယ့် အရေးမယူတဲ့တပြင် ဗိုလ်မှူးကြီးနော်ဘူက ဒေသခံတွေကို KIA နယ်မြေကို လာရောက်ဖြေရှင်းဖို့ စာပြန်ခဲ့တဲ့အတွက် ဒေသခံတွေ အံ့သြဒေါသဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲထဲမှာ 96 Soldiers PDF၊ Anti-Fascist Internationalist Front(AIF)၊ Burma National Revolutionary Army(BNRA)၊ Burmese Revolutionary Technical Front(BRTF)၊ Generation Z Army(GZA)၊ Giant Revolution Force(GRF)၊ Harmonious Northern Brothers(HNB)၊ Kalay Revolution Force(KRF)၊ Kalay Urban Guerrilla(Kalay UG)၊ Myingyan Black Tiger (MBT)၊ National Liberation Army(NLA)၊ Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT-Sol)၊ Yaw Defense Force(YDF)၊ Zo Army(ZA)၊ ကလေးခရိုင်ပကဖနဲ့ Drone အဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ တွေ့ရတဲ့ GZA အဖွဲ့ဝင်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 12 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 80 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ