နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ရဲဘော် (၇) ဦး ကျဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Generation Z Army (GZA) ထုတ်ဖော်ပြော

ဧပြီလ (၁၁)ရက်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ချင်းညီနောင် (CB) နဲ့အတူ GZ မျိုးဆက်တပ်တော် (Generation Army (GZA)) ရဲ့ တပ်ဖွဲ့ဝင် (၇) ဦး ကျဆုံးခဲ့ရပြီး (၃) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ GZA တာဝန်ရှိသူက ပြောပါတယ်။

လွန်ခဲ့တဲ့ (၇) လကတည်းက ဒီဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး စစ်ဆင်ရေးမစခင်ကတည်းက ချင်းညီနောင် (CB) နဲ့အတူ GZA လည်း အတူတူ ပါဝင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီစစ်ဆင်ရေးမှာ GZA ရဲ့ ဒုစစ်ဦးစီးချုပ်ကိုယ်တိုင် ပါဝင်ခဲ့ပြီး AA ထံက စစ်သင်တန်းဆင်းလာတဲ့ တပ်ဖွဲ့ဝင်တွေလည်း ရှေ့ဆုံးက ပါဝင်ခဲ့တာလို့ ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာ GZA စစ်သမီး (ဆေး) ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၆၂ ဦး ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖလမ်းမြို့သိမ်းတိုက်ပွဲကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့လို့ မဟာမိတ်တပ်ပေါင်းစုဘက်မှာလည်း အကျအဆုံးတွေ များခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခဲ့တဲ့ GZA တပ်ဖွဲ့ဝင်ကတော့ ရဲဘော် လင်းယုန် (၂၀၂၄ ဒီဇင်ဘာလ ၁၂ ရက်)၊ ရဲဘော်ပြည့်ကြီး နဲ့ ရဲဘော် ကျီးကန်း (၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်)၊ ရဲဘော် ကျားနက် (၂၀၂၄ ဒီဇင်ဘာလ ၂၈ ရက်)၊ ရဲဘော် မောင်မောင် (ရက်မသိရသေး)၊ ရဲဘော် မျိုးကျော် (၂၀၂၅ ဧပြီလ ၇ ရက်) နဲ့ ကျန် (၁) ဦး အမည်မသိရသေးတို့ ဖြစ်ပါတယ်။ အဆက်အသွယ် မရသေးတဲ့ ရဲဘော်တွေလည်း ရှိသေးလို့ ကျဆုံးစာရင်း ပိုပြီးတိုးလာဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒဏ်ရာရ GZA တပ်ဖွဲ့ဝင်တွေကတော့ ရဲဘော် ဇေယျာ-ပေါင် ၄၀မမထိမှန်၊ ရဲဘော်ပါကြီး – ပထမအကြိမ်လက်ကျည်ထိမှန်၊ ဒုတိယအကြိမ်ဒရုံးဗုံး မျက်လုံးထိမှန်၊ ရဲဘော်သန့်ဇင်ထက်-၄၀မမထိမှန်၊ ရဲဘော် K4 – ခါး ကျည်ထိမှန်၊ ရဲဘော် မိုက်ခဲ -လက်၊ပေါင် ကျည်ထိမှန်၊ ရဲဘော် ဥသြ – ပေါင် ကျည်ထိမှန်၊ ရဲဘော် ဝေဖြိုး-ခြေထောက် ၄၀မမ ထိမှန်၊ ရဲဘော် ဖိုးသားကြီး – ခေါင်း စနိုက်ပါထိ၊ ရဲဘော်အင်ဂါ – ဗိုက် ၄၀မမထိမှန်၊ ရဲဘော် စွမ်းထက်-ပေါင် စနိုက်ပါထိမှန်-ရဲဘော် ဂူရှယ် – ပေါင် လက်ပစ်ဗုံးထိ၊ ရဲဘော် ဗိုက်ပူ – ကျည် ခြေထောက်ထိမှန် တို့ ဖြစ်ပါတယ်။

အသေးစိတ်ကို GZA ဘက်က ထပ်မံထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

GZA ဟာ အာဏာသိမ်းပြီးစက ဝက်လက်မြို့နယ် အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပေမယ့် NUG လက်အောက်ခံ ဝက်လက် ပသုံးလုံးနဲ့ ဒူချွန်စိုင်းသူတို့ ပူးပေါင်းပြီး နည်းမျိုးစုံတိုက်ခိုက်ခဲ့ကြလို့ မကွေးနဲ့ ရခိုင်ဘက်ကို ရွှေ့ပြောင်းခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ အခုအချိန်ထိ GZA ခေါင်းဆောင်ကို ဝရမ်းထုတ်ထားပြီး ဝက်လက်မြို့ထဲကို လာလို့ မရအောင် လုပ်ထားပေမယ့် ဝက်လက်မြို့နယ် အခြေစိုက် ဗိုလ်ကျားကြီးတပ်ဖွဲ့ဝင် ၂ ဦး ကို ပစ်သတ်ခဲ့ရာမှာတာဝန်အရှိဆုံး KIA ကလွှတ်ထားတဲ့ ဒူချွန်စိုင်းသူကတော့ ဒူပ အဖြစ် ရာထူးတက်သွားပြီး ကနီမြို့နယ်ထဲကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။

KIA/KIO ကို ဒူချွန်စိုင်းသူအား ဒေသခံတွေက အရေးယူပေးဖို့ ပြောပေမယ့် အရေးမယူတဲ့တပြင် ဗိုလ်မှူးကြီးနော်ဘူက ဒေသခံတွေကို KIA နယ်မြေကို လာရောက်ဖြေရှင်းဖို့ စာပြန်ခဲ့တဲ့အတွက် ဒေသခံတွေ အံ့သြဒေါသဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။

ဖလမ်းမြို့သိမ်းတိုက်ပွဲထဲမှာ 96 Soldiers PDF၊ Anti-Fascist Internationalist Front(AIF)၊ Burma National Revolutionary Army(BNRA)၊ Burmese Revolutionary Technical Front(BRTF)၊ Generation Z Army(GZA)၊ Giant Revolution Force(GRF)၊ Harmonious Northern Brothers(HNB)၊ Kalay Revolution Force(KRF)၊ Kalay Urban Guerrilla(Kalay UG)၊ Myingyan Black Tiger (MBT)၊ National Liberation Army(NLA)၊ Revolution Ambulance Wolf (RAW Medical Team)၊ Sagaing Federal Troop (SFT-Sol)၊ Yaw Defense Force(YDF)၊ Zo Army(ZA)၊ ကလေးခရိုင်ပကဖနဲ့ Drone အဖွဲ့တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ။ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ တွေ့ရတဲ့ GZA အဖွဲ့ဝင်များ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကားတွေ တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 19 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန်မှာ ကျွန်းစုမြို့မှာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ ပျူစောထီးကား (၂)စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့
မြန်မာသတင်း

ဘန်ကောက်အကျဉ်းထောင်တွင် အလွန့်အလွန်အရေးကြီးသောပုဂ္ဂိုလ်များ(“VVIPs”) အဖြစ် ဇိမ်ကျနေသည့် “မီးခိုးရောင်တရုတ်” ရာဇဝတ်ဂိုဏ်းခေါင်းဆောင်များ ဖော်ထုတ်ခံရမှုက အရေးပေါ်ပြုပြင်ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 31 Views
The Nation- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် လျှို့ဝှက်စီးနင်းမှုတစ်ခုက ချမ်းသာကြွယ်ဝသော တရုတ်အကျဉ်းသားများက ဘန်ကောက် ထိန်းသိမ်းရေးအကျဉ်းထောင်၏ အစိတ်အပိုင်းအချို့ကို ပုဂ္ဂလိကနိဗ္ဗာန်ဘုံအဖြစ်
မြန်မာသတင်း

ခင်ဦးမြို့မှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်နဲ့ ပျူစောထီးစစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကြောင်းတခုလုံးပျက်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 25 Views
နိုဝင်ဘာလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ခင်ဦးမြို့နယ်မှာ အင်အား (၁၈၀)ခန့်ပါတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံလှရွာထဲ (၄)ရက်လောက်
မြန်မာသတင်း

ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တာဝန်ကနေ ယာယီရပ်နားထားပြီး စစ်ဆေးနေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 26 Views
နိုဝင်ဘာလ (၂၄)ရက်။ ‌NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူတို့ကို စစ်ဆေး‌အရေးယူပေးဖို့ နိုဝင်ဘာလ
မြန်မာသတင်း

ကံထူးမရွာဆေးရုံ ဗုံးကြဲခံရတာကြောင့် ပြည်သူ (၆)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 24 ရက်
  • 33 Views
နိုဝင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၀)မိနစ်အချိန်က တန့်ဆည်မြို့ ကံထူးမရွာ ဆေးရုံးနဲ့ ကားပြင်ဆိုင်တို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက် (၁)နာရီ (၁၀)မိနစ်လောက်က စစ်ကစရဲ့
မြန်မာသတင်း

“ဝန်ကြီးချုပ်ရုံးအတွင်းဝန်က သံမဏိနှင်းဆီတဲ့လား?အမေရိကန်လွှတ်အမတ်တွေရဲ့အားပေးမှုဘယ်လောက်ထိရောက်နိုင်မလဲ?

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 49 Views
ဆိုတဲ့ ခေါင်းစဥ်နဲ့ အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ခြင်း (၂၂) မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဒီကနေ့ နိုဝင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည (၇) နာရီခွဲမှာ ခေတ်မျက်လုံး YouTube
မြန်မာသတင်း

ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 53 Views
ပေါက်နဲ့ မြိုင်နယ်အစပ်ကို ဗုံးကြဲပြီးပြန်လာတဲ့ စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျ နိုဝင်ဘာလ (၂၂)ရက်။ ဒီကနေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ပေါက်မြိုနဲ့ မြိုင်မြိုနယ်အစပ် စစ်တပ်ရဲ့ စက်တပ်လေထီးတစီး ပျက်ကျခဲ့တယ်လို အညာမြေ အရပ်ဖက်လူမှုအဖွဲအစည်း-မြိုင်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဂွမြိုနယ် ကျိန္တလီမြို ဗုံးကြဲခံရပြီး (၇)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 53 Views
နိုဝင်ဘာလ (၂၂)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၁၅)မိနစ်အချိန်က ဂွမြိုနယ် ကျိန္တလီမြိုကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ‌သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ ကျိန္တလီမြို အမှတ်(၁)ရပ်ကွက်ကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး