နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြိုင်မြို့အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်း စီးနင်းသိမ်းပိုက်ခံရ

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး (၁၂)ဦးကို ဖမ်းမိခဲ့တယ်လို့ မြိုင်ပကဖထုတ်ပြန်

ဇူလိုင်လ (၁၀)ရက်။

မနေ့က နံနက် (၄)နာရီခွဲအချိန်ကစပြီး မြိုင်မြို့နယ် အရှေ့ဖျားရှိ စီမံကိန်းရုံးက စစ်ကောင်စီအထိုင်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ပခုက္ကူသွားလမ်း မြိုင်မြို့အရှေ့ဖျား စီမံကိန်းရုံးထဲက စကစအထိုင်စခန်းကို တိုက်ခိုက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ စကစဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး သုံ့ပန်း (၁၂)ဦး ဖမ်းမိတယ်။ တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိပြီး စစ်သုံ့ပန်း (၁၂)ဦး ဖမ်းမိကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့တွေက ဆေးကုသပေးထားတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအထိုင်စခန်း စီးနင်းတိုက်ခိုက်ခံရချိန် ပြန်လည်ပစ်ခတ်တာတွေကြောင့် တော်လှန်ရေးရဲဘော် (၁)ဦး ကျဆုံးခဲ့ပြီး (၆)‌ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီရဲ့ မြို့မရဲစခန်းကနေ စစ်ကူ (၃)ကြိမ် လွှတ်ပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

“ အထိုင်စခန်း စီးနင်းခံရတဲ့အချိန် မြိုင်မြို့မရဲစခန်းကနေ စစ်ကူပေးဖို့ဆိုပြီး မနက် (၉)နာရီကျော်မှာတကြိမ်၊ နေ့လယ် (၁၂)နာရီမှာတကြိမ်နဲ့ ညနေ (၃)နာရီကျော်မှာတကြိမ် စစ်ကူပေးဖို့ ထွက်လာတာ။ အဲ့ဒီစကစတွေလဲ ရှေ့မတိုးရဲဘဲ ကြောက်လန့်ပြီး နောက်ပြန်ပြေးသွားတယ်။ ရဲဘော်တွေကလဲ နေရာအသာစီးယူပြီး ပစ်ကူပေး ဖြတ်တောက်နိုင်ခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီအထိုင်စခန်းကို ည (၇)နာရီအချိန်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီက လေကြောင်းကနေ (၂)ကြိမ် ပစ်ခတ်ခဲ့တာကြောင့် သနပ်ရင်းရွာက ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ (၂)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီထံက G3 (၁၀)လက်၊ MA3 (၁)လက်၊ MA4 (၁)လက်၊ 79 (၁)လက်၊ G3 ဘောက် (၁၅)ဘောက်၊ MA ဘောက် (၂)ဘောက်၊ G3 ကျည် (၁၃၆)တောင့်၊ ၅.၅၆ ကျည် (၃၇)တောင့်၊ လက်ပစ်‌ဗုံး (၉)လုံး၊ 79 အဖူး (၆)ဖူး၊ ဦးထုပ် (၅)လုံး၊ ဖုန်း (၃)လုံး၊ အီကွက်မန့် (၇)ခုနဲ့ ငွေသား (၂၂)သိန်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

နောက်ပြီး ဒီကနေ့ နံနက် (၇)နာရီအချိန်ကလဲ သိမ်းပိုက်ရရှိခဲ့တဲ့ စီမံကိန်းရုံးကို ရှင်းလင်းနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သေးတယ်လို့ ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု(9+)၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု(Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို(ဒရုန်း)ပေါက်၊ အညာမြေပြောက်ကြားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger(BRR)၊ NFTA နဲ့ Scorpion People Denfece Force တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မေလ (၂၇)ရက်နေ့ကစပြီး ပခုက္ကူ(၁၀၁)ကနေ ယာဉ်တန်း (၁၄၀)ကျော်ပါ စစ်ကြောင်းနဲ့ အင်အား (၁၀၀၀)ကျော်ပါ စစ်ကောင်စီတပ်ဟာ ပေါက်မြို့ဘက်ကို စစ်ကြောင်းထိုးနေကာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 15 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 24 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 34 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့