နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ပြော

ဩဂုတ်လ (၁၁)ရက်။

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

“ ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ချမှတ်ထားတဲ့ ပန်းတိုင်၊ ရက္ခိတလမ်းစဉ်နဲ့ ဂိတ်ဆုံးရောက်အောင်အထိ ဆက်လက်ချီတက်သွားဖို့ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ULA/AA အနေနဲ့ စတင်ထူထောင်တဲ့အချိန်ကထဲက အဓိကရည်မှန်းချက်ဖြစ်တဲ့ အာရက္ခပြည်တခုလုံးကို သိမ်းပိုက်ပြီး အာရက္ခပြည်သူတွေလက်ထဲ ပြန်ထည့်ပေးသွားဖို့ဖြစ်တယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

နောက်ပြီး စစ်တပ်က ရခိုင်ရှိ မြို့နယ် (၁၄)မြို့ကို အရေးပေါ်အခြေအနေကြေညာပြီး တိုက်ခိုက်နေတာဟာ ထွေထွေထူးထူးမဟုတ်ဘဲ အဲ့ဒီကြေညာချက်မတိုင်ခင်ကထဲက ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၃ခုနှစ် နိုဝင်ဘာလကစပြီး ဒီကနေ့အထိ ရခိုင်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးသတ်ဖြတ်တာကြောင့် လူပေါင်း (၉၂၆)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၁၉၅၄)ဦးရှိတယ်လို့ ဦးခိုင်သုခက ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်က AA ထိန်းချုပ်နယ်မြေတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် UN နဲ့ INGO အဆောက်အဦအပါအဝင် နေအိမ်နဲ့ အဆောက်အဦပေါင်း (၁၁၀၀၀)ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲတပ်ဖွဲ့ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများနှင့် အင်ဒိုနီးရှားတစ်ဝှမ်းတွင် တင်းမာမှုများ မြင့်တက်လာခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 1 ရက်
  • 4 Views
CNN- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁ရက် ဂျကာတာ၊ အင်ဒိုနီးရှားAPသတင်း။  အင်ဒိုနီးရှားနိုင်ငံ တစ်ဝှမ်းရှိ မြို့အများအပြားတွင် ဆန္ဒပြပွဲများ ပြင်းထန်လာပြီး လွှတ်တော်အမတ်များ၏
တရုတ် နိုင်ငံတကာသတင်း မြန်မာသတင်း

တရုတ်သမ္မတနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြောင်း တရုတ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 78 Views
သြဂုတ်လ (၃၀) ရက်။ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဒီနေ့ ဩဂုတ်လ ၃၀ ရက်မှာ တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
မြန်မာသတင်း

အခုလတတိယပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်လာသူ (၁၈၂)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 86 Views
ဩဂုတ်လ (၂၉)ရက်။ အခုလ တတိယပတ်ထဲ စစ်တပ်ဘက်က အလင်းဝင်လာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း (၁၈၂)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဘက်က အလင်းဝင် ပူးပေါင်းလာသူတွေထဲ စစ်သား (၁၀၁)ဦးရှိခဲ့ပြီး
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ပြင်းထန်စွာရှုံ့ချ

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 88 Views
ဩဂုတ်လ (၂၉)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် ဂုတ်ထိပ်တံတား ပျက်စီးတဲ့အပေါ် NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့(IBHA)က မနေ့က ပြင်းထန်စွာရှုံ့ချထားတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းရဲ့ ကြားကာလအမွေအနှစ်ဖြစ်တဲ့ ဂုတ်ထိပ်တံတား ပျက်စီးတာအတွက် IBHA အနေနဲ့
မြန်မာသတင်း

ခုခံတော်လှန်စစ် အောင်ပွဲဆက်ရဖို့ PDF တပ်မှူးကြီးတွေ အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 80 Views
ဩဂုတ်လ (၂၉)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ PDF တပ်မှူးကြီးတွေ အစည်းအဝေးကို ‌(၃)ရက်ကြာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြုပြီး
မြန်မာသတင်း

အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 65 Views
ဩဂုတ်လ (၂၉)ရက်။ တော်လှန်ရေးတပ်‌တွေ စိုးမိုးထားတဲ့ မတ္တရာဒေသရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA နဲ့ MDY-PDF ပူးပေါင်းအဖွဲ့တို့ဟာ မတ္တရာဒေသကို သိမ်းပိုက်နိုင်ဖို့ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်က KNU ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုဆိုပြီးကြေညာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 65 Views
သူခိုးက လူပြန်ဟစ်တာလို့ KNU ပြန်လည်တုံ့ပြန်ထား ဩဂုတ်လ (၂၉)ရက်။ အကြမ်းဖက်စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး(KNU)ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စုဆိုပြီး မနေ့ကရက်စွဲနဲ့ ကြေညာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအမိန့်ကြေညာစာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ(၇၂)၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်အရဆိုပြီး
မြန်မာသတင်း

ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 28 ရက်
  • 112 Views
ရေဖြူမြို့ (၆)ရက်တာတိုက်ပွဲထဲ စစ်တပ်ဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့ ဩဂုတ်လ (၂၈)ရက်။ ဩဂုတ်လ (၁၉)ရက်နေ့ကစပြီး ရေဖြူမြို့မှာ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်နဲ့ ညီနောင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။