နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာမရှိဘူးလို့ KIO ပြော

ဩဂုတ်လ (၁၁)ရက်။

စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာ မရှိဘူးလို့ KIO ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ PCG ကို စကားအမှာပါးတာပါ။ KIO နဲ့ အွန်လိုင်းတွေ့ဆုံဖို့ အကြောင်းကြားတာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ စစ်တပ်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)ကနေတဆင့် KIO နဲ့ အွန်လိုင်းကနေ တွေ့ဆုံဖို့ စကားပါးခဲ့တာလို့ သိရပါတယ်။

“ KIO ရဲ့ သဘောထားကတော့ အွန်လိုင်းဆွေးနွေးတာမဟုတ်ဘဲ တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒရှိရင် မြစ်ကြီးနားမှာတွေ့ဆုံဖို့အတွက် KIO ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်သွားမယ်လို့ အကြောင်းပြန်ခဲ့တယ်” လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆက်ပြောပါတယ်။

အခုလို နှစ်ဖက်တွေ့ဆုံတာကို မြစ်ကြီးနားမှာ ပြုလုပ်ဖို့ KIO ဘက်က အကြောင်းပြန်ကြားခဲ့ပေမယ့် စစ်တပ်ဘက်ကတော့ ပြန်လည်အကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လပိုင်းကလဲ စစ်တပ်က PCG ကနေတဆင့် မေးမြန်းလာတဲ့အတွက် KIO ရဲ့ သဘောထားဟာ အရင်အတိုင်းဖြစ်တယ်ဆိုတာကို အကြောင်းပြန်ထားတယ်လို့ ပြောဆိုထားပါတယ်။

အခုအခါ KIO ရဲ့ ငြိမ်းချမ်းရေးသဘောထားကိုလဲ တရုတ်နဲ့ ဂျပန်အထူးကိုယ်စားလှယ်တွေအပြင် နိုင်ငံတကာသံတမန်တွေကို အသိပေးထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သမ္မတ ဦးဝင်းမြင့်ရဲ့မွေးနေ့အတွက် NUG ဂုဏ်ပြုဆုတောင်းလွှာပေးပို့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 43 Views
နိုဝင်ဘာလ (၈)ရက်။ ဒီကနေ့မှာကျရောက်တဲ့ သမ္မတကြီး ဦးဝင်းမြင့်ရဲ့ (၇၄)နှစ်ပြည့် မွေးနေ့အတွက် NUG က ‌ဂုဏ်ပြုဆုတောင်းလွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နွေဦးတော်လှန်ရေးအလှည့်ပြောင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 41 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၀) ဒီအပတ်မှာ ခေတ်မျက်လုံးပင်တိုင်ဆွေးနွေးသူနှစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က CRPH က အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့
မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 56 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုမြို့အထွက် ပေကုန်းရွာရေတံခါးအနီးမှာ အင်အား (၅၀)လောက်နဲ့ လမ်းကင်းယူနေတဲ့ စခတွေကို
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 49 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်အနေနဲ့ ‌တပ်တော်ဝင်တဲ့ အခမ်းအနားကို ၂၀၁၀ခုနှစ်ကစပြီး (၁၅)နှစ်တာကာလထဲ (၁၅)ကြိမ်တိုင်တိုင် ပြုလုပ်ကာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 53 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 52 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 49 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 46 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့