နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

စက်တင်ဘာလ (၁၁)ရက်။

စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က အထိနာတပ်လန်ခဲ့ကာ စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်တဲ့ မိုင်းပန်အခြေစိုက် ခလရ(၂၉၅)တပ်ရင်းက ဒုတိယအကြိမ် ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ (၇)ရက်နေ့မှာ စွန်တက်ရွာ အရှေ့မြောက်ဘက် မီတာ(၃၀၀၀)အကွာရှိ AA တပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အရင်စစ်ကြောင်းတွေအတိုင်း အထိနာပြီး အကျအဆုံးအများအပြားနဲ့ ထပ်မံတပ်လန်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ဒုတိယအကြိမ်စစ်ကြောင်းဖြစ်တဲ့ ‌ခလရ(၂၉၅)တပ်ရင်းက နောက်တနေရာကနေ ထိုးစစ်ဆင်လာတာ။ ဒါပေမယ့် AA တပ်ဖွဲ့ဝင်တွေရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်အောက်မှာပဲအရင်စစ်ကြောင်းတွေအတိုင်း အထိနာပြီး ထိခိုက်ကျဆုံးများစွာနဲ့ ထပ်ပြီးတပ်လန်သွားခဲ့တာ” လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၈)နာရီနီးပါးကြာခဲ့ပြီး စစ်တပ်ဘက်က အလောင်း (၆၀)ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားသူတွေကို လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နောက်ပြီး စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ရှိ နတ်ရေကန်ကုန်းတောင်ဘက် ဝေဋ္ဌုဝန်ကျောင်းဘက်ကနေ စစ်တပ်က ညနေပိုင်းမှာ တိတယစစ်ကြောင်းအနေနဲ့ ထပ်မံထိုးစစ်ဆင်ခဲ့ကာ (၃)နာရီနီးပါး ထိုးစစ်အပြီး အထိနာကာ တပ်လန်ခဲ့ပြန်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာလဲ စစ်တပ်ဘက်က (၁၀)ဦးသေဆုံးခဲ့သလို ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ စစ်တပ်ဘက်က ဝေဋ္ဌုဝန်ကျောင်းရဲ့ အနောက်မြောက်ဘက် လက်ဖက်ခြံထဲ ခံစစ်အနေအထားနဲ့ ခုခံရင်း ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း-ရခိုင်အစပ် စက်စက်ယိုရွာအနီးနေရာတွေအပါအဝင် ပဲခူးတိုင်း-ရခိုင်အစပ် ဆင်လမ်ရွာအနီးနေရာတွေနဲ့ ရိုးတောင်အစပ် နေရာတွေမှာ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 25 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က
မြန်မာသတင်း

ပေါက်မြို့နယ်မြောက်ပိုင်းတိုက်ပွဲထဲ စစ်တပ်ဘက်က (၁၂)ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၉)ရက်နေ့ နံနက်ပိုင်းကစပြီး ပေါက်မြို့နယ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စခစစ်ကြောင်းနဲ့
မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်အနေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရကို အထူးတိုက်တွန်းလိုတာက အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်မြင်မှုတွေနဲ့
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 19 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့ စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည်
မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့