နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

စက်တင်ဘာလ (၁၁)ရက်။

စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်က အထိနာတပ်လန်ခဲ့ကာ စစ်တပ်ရဲ့ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်တဲ့ မိုင်းပန်အခြေစိုက် ခလရ(၂၉၅)တပ်ရင်းက ဒုတိယအကြိမ် ထိုးစစ်ဆင်လာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ စက်တင်ဘာလ (၇)ရက်နေ့မှာ စွန်တက်ရွာ အရှေ့မြောက်ဘက် မီတာ(၃၀၀၀)အကွာရှိ AA တပ်ဖွဲ့ဝင်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အရင်စစ်ကြောင်းတွေအတိုင်း အထိနာပြီး အကျအဆုံးအများအပြားနဲ့ ထပ်မံတပ်လန်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ ဒုတိယအကြိမ်စစ်ကြောင်းဖြစ်တဲ့ ‌ခလရ(၂၉၅)တပ်ရင်းက နောက်တနေရာကနေ ထိုးစစ်ဆင်လာတာ။ ဒါပေမယ့် AA တပ်ဖွဲ့ဝင်တွေရဲ့ ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်အောက်မှာပဲအရင်စစ်ကြောင်းတွေအတိုင်း အထိနာပြီး ထိခိုက်ကျဆုံးများစွာနဲ့ ထပ်ပြီးတပ်လန်သွားခဲ့တာ” လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲဟာ (၈)နာရီနီးပါးကြာခဲ့ပြီး စစ်တပ်ဘက်က အလောင်း (၆၀)ကျော်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေအပြင် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့ကာ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားသူတွေကို လိုက်လံချေမှုန်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နောက်ပြီး စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်ရှိ နတ်ရေကန်ကုန်းတောင်ဘက် ဝေဋ္ဌုဝန်ကျောင်းဘက်ကနေ စစ်တပ်က ညနေပိုင်းမှာ တိတယစစ်ကြောင်းအနေနဲ့ ထပ်မံထိုးစစ်ဆင်ခဲ့ကာ (၃)နာရီနီးပါး ထိုးစစ်အပြီး အထိနာကာ တပ်လန်ခဲ့ပြန်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာလဲ စစ်တပ်ဘက်က (၁၀)ဦးသေဆုံးခဲ့သလို ဒဏ်ရာအများအပြားရရှိခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုအချိန်မှာတော့ စစ်တပ်ဘက်က ဝေဋ္ဌုဝန်ကျောင်းရဲ့ အနောက်မြောက်ဘက် လက်ဖက်ခြံထဲ ခံစစ်အနေအထားနဲ့ ခုခံရင်း ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်း-ရခိုင်အစပ် စက်စက်ယိုရွာအနီးနေရာတွေအပါအဝင် ပဲခူးတိုင်း-ရခိုင်အစပ် ဆင်လမ်ရွာအနီးနေရာတွေနဲ့ ရိုးတောင်အစပ် နေရာတွေမှာ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ အရှိန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့