နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

နိုဝင်ဘာလ (၁၁)ရက်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်သွားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို စစ်တပ်က သထုံမြို့နယ်ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရန်ကုန်တိုင်း အလုံမြို့နယ်မှာဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက ဦးအောင်စိုးကို မဲဆွယ်စည်းရုံးတာမပြုနိုင်ဖို့ နှောင့်ယှက်တဲ့ “ AAMIJ News” Facebook page က တာဝန်ရှိသူတွေကိုလဲ စစ်တပ်က အမှုဖွင့်ထားပါတယ်။

စစ်တပ်ဟာ “ AAMIJ News” Facebook page က တာဝန်ရှိသူတွေကို အလုံမြို့မရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၃၁)ရက်နေ့က စလင်းမြို့မှာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကို ဖမ်းဆီးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုလဲ ဆိပ်ဖြူကျွန်းနယ်မြေရဲစခန်းမှာ ပုဒ်မ၂၄(ခ)နဲ့ အမှုဖွင့်ထားပါသေးတယ်။

အခုလို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားဖို့ စီစဉ်နေပြီး နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားသူတွေကို ပြင်းပြင်းထန်ထန် ဖော်ထုတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။

အခုအခါ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတာတွေကြောင့်ဆိုပြီး အမှုဖွင့်ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ (၁၀၀)နီးပါးအထိရှိလာပြီလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့