နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

နိုဝင်ဘာလ (၁၁)ရက်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်သွားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို စစ်တပ်က သထုံမြို့နယ်ရှိ သိမ်ဆိပ်နယ်မြေရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၃(ခ)နဲ့ အမှုဖွင့်ထားတယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး ရန်ကုန်တိုင်း အလုံမြို့နယ်မှာဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက ဦးအောင်စိုးကို မဲဆွယ်စည်းရုံးတာမပြုနိုင်ဖို့ နှောင့်ယှက်တဲ့ “ AAMIJ News” Facebook page က တာဝန်ရှိသူတွေကိုလဲ စစ်တပ်က အမှုဖွင့်ထားပါတယ်။

စစ်တပ်ဟာ “ AAMIJ News” Facebook page က တာဝန်ရှိသူတွေကို အလုံမြို့မရဲစခန်းမှာ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပုဒ်မ ၂၄(က)နဲ့ အမှုဖွင့်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အောက်တိုဘာလ (၃၁)ရက်နေ့က စလင်းမြို့မှာ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကို ဖမ်းဆီးခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေကိုလဲ ဆိပ်ဖြူကျွန်းနယ်မြေရဲစခန်းမှာ ပုဒ်မ၂၄(ခ)နဲ့ အမှုဖွင့်ထားပါသေးတယ်။

အခုလို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ခံထားရတဲ့သူတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီး စစ်တပ်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဟာ အခုနှစ်ကုန်ပိုင်းမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားဖို့ စီစဉ်နေပြီး နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားသူတွေကို ပြင်းပြင်းထန်ထန် ဖော်ထုတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာပါ။

အခုအခါ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားတာတွေကြောင့်ဆိုပြီး အမှုဖွင့်ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ (၁၀၀)နီးပါးအထိရှိလာပြီလို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူခရိုင်အခြေစိုက် Local PDF နှစ်ဖွဲ့ အညာမြေတပ်ပေါင်းစုထံ ထပ်မံပေါင်းစည်းဝင်ရောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 11 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ ပခုက္ကူခရိုင်အခြေစိုက် God of Myaing တပ်ဖွဲ့နဲ့ Eagle Fighter တပ်ဖွဲ့တို့ အညာမြေတပ်ပေါင်းစုထံ
မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 25 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီကျော်အချိန်က ဝက်လက်မြို့အရှေ့ခြမ်း နတ်မှော်ဦးရွာထဲကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်တပ် လွတ်ငြိမ်းနဲ့ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာတယ်လို့ PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 22 Views
ဒီဇင်ဘာလ (၂)ရက်။ ဒီဇင်ဘာလ (၁)ရက်နေ့က စစ်တပ်ရဲ့ လွတ်ငြိမ်းနဲ့ အကျဉ်းထောင်တွေကနေ နိုင်ငံရေးအကျဉ်းသား (၂၆၈)ဦး ပြန်လွတ်လာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဂာ အကျဉ်းထောင် (၁၁)ခုကနေ
မြန်မာသတင်း

CDM ဆရာဝန်အမျိုးသမီးကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး NUG က ပြည်သူတွေကို တောင်းပန်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 18 Views
ဒီဇင်ဘာလ (၂)ရက်။ မင်းကင်းမြို့မှာ CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်(ခ)Dr တူးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ မြို့နယ်ပအဖတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး ရပ်နားတဲ့အချိန်မှာ လုပ်ငန်းဆိုင်ရာ စာရင်းဇယားတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့
မြန်မာသတင်း

ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ (Alina Habba) သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေကြောင်း အယူခံတရားရုံးက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်
  • 15 Views
CNN- ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂ရက် တနင်္လာနေ့တွင် ဖက်ဒရယ် အယူခံတရားရုံးတစ်ခုက သမ္မတ ဒေါ်နယ်ထရမ့်၏ ပုဂ္ဂိုလ်ရေး ရှေ့နေဟောင်း အလီနာ ဟက်ဘာ သည် နယူးဂျာစီပြည်နယ် အမေရိကန် ရှေ့နေအဖြစ် တရားမဝင် တာဝန်ထမ်းဆောင်နေသည် ကို
မြန်မာသတင်း

ကျွန်းစုမြို့မှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတဦးကို မြို့နယ်ပကဖ ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 30 Views
ဖမ်းဆီးခံရသူဟာ လက်ထိပ်ချွတ်ပြီး ခုခံထွက်ပြေးတာကြောင့် အသေပစ်သတ်ခဲ့ရ ဒီဇင်ဘာလ (၁)ရက်။ ကျွန်းစုမြို့ရှိ ကျေးရွာတွေမှာ PDF နဲ့ ပကဖအမည်ခံပြီး ခြိမ်းခြောက်ငွေတောင်းသူတွေထဲက ကျော်ဝင်း(ခ)ထောင်မှူးဆိုသူကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျော်ဝင်း(ခ)ထောင်မှူးဆိုသူအပါအဝင် (၅)ဦးစုဖွဲ့ပြီး
မြန်မာသတင်း

မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 26 Views
မင်းကင်းမှာ CDM ဆရာဝန်အမျိုးသမီးကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံ လူမှုကွန်ရက်မှာ ပျံ့နှံ့နေ ဒီဇင်ဘာလ (၁)ရက်။ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်က CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကို မြို့နယ်ပလဖက အကြမ်းဖက်ဖမ်းဆီးတဲ့ရုပ်သံဖိုင် ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရှုံ့ချဖို့ ကရင်လူမှုအဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 1 ရက်
  • 28 Views
ဒီဇင်ဘာလ (၁)ရက်။ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံထဲရှိ နိုင်ငံရေးပဋိပက္ခပြဿနာတွေကို လုံးဝဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကရင်လူမှုအဖွဲ့အစည်း (၂၅)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီလို ပြည်သူလူထုအများစုရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်လုပ်ယူတဲ့ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကို ကရင်လူမှုအဖွဲ့တွေက အပြင်းအထန်ရှုံ့ချထားပါတယ်။ နောက်ပြီး