နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ TNP ထုတ်ပြန်

ဇူလိုင်လ (၁၂)ရက်။

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချတယ်လို့ တအာင်း(ပလောင်)အမျိုးသားပါတီ(TNP)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

TNP က ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ (၆)လပတ် ဗဟိုကော်မတီမျက်နှာစုံညီအစည်းအဝေးကနေ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်ထဲ ‌ပြောဆိုထားပါတယ်။

အဲ့ဒီကြေညာချက်ထဲ စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစားတာသာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်ကောင်စီက ကျင်းပပြုလုပ်ခဲ့တဲ့ ဟန်ပြငြိမ်းချမ်းရေးဖိုရမ်ဟာ မြန်မာပြည်ရဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို ကန့်ကွက်ပြီး နိုင်ငံတကာက အမြန်ဆုံးအရေးယူဖို့ TNP က တိုက်တွန်းထားပါတယ်။

TNP အနေနဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ကနေ တအာင်းပြည်ကောင်စီ(TLC) ပြောင်းလဲဖွဲ့စည်းတဲ့အပေါ် ကြိုဆိုထောက်ခံပြီး “ တအာင်းပြည်တော်လှန်ရေးကာလအစီအမံ” မှာ ပူးပေါင်းသွားမယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

ဘုံရန်သူဖြစ်တဲ့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး တော်လှန်ရေးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ပြည်သူနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်က ဝန်ကြီးချုပ်အနေနဲ့ ခန့်အပ်ထားတဲ့ ညိုစော ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 3 Views
နိုင်ငံထဲ နေထိုင်သူတွေ တည်ဆဲဥပဒေတွေ လိုက်နာကြဖို့ဆိုပြီး ပြောဆိုခဲ့ ဩဂုတ်လ (၂)ရက်။ စစ်ခေါင်းဆောင် မင်အောင်လှိုင်က အစိုးရအဖွဲ့ဆိုပြီး အသစ်ဖွဲ့စည်းကာ ဝန်ကြီးချုပ်အနေနဲ့
မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်၊ ပြည်သူ (၁)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 15 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နောင်ချိုမြို့ ဒိုးပင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံးတွေအပါအဝင် အတွဲလိုက်ဒုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 14 Views
ဘုံရန်သူတူပေမဲ့ ရည်မှန်းချက်မတူညီတဲ့တော်လှန်ရေး NUG, တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KIA, TNLA,MNDAA, SSA, KNDF, KNU, CB, CNF တို့နဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေရဲ့ ဘုံရန်သူဟာ စစ်ကောင်စီ ဖြစ်ပါတယ်။ ဘုံရန်သူတူ နေပေမဲ့ ရည်မှန်းချက်တွေက
မြန်မာသတင်း

စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံခဲ့ရသူတွေ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 19 Views
ဩဂုတ်လ (၁)ရက်။ အရင်က စစ်ကောင်စီအဖွဲ့ဝင်တွေအနေနဲ့ ခန့်အပ်ခံထားရသူတွေကို အသစ်ဖွဲ့လိုက်တဲ့ ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့မှာ တာဝန်ပေးထားခဲ့တယ်လို့ ကာ/လုံရုံးရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီကို ဖျက်သိမ်းပြီးနောက် ကာ/လုံရဲ့ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး (၁၅)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ အဲ့ဒီအထဲ
မြန်မာသတင်း

ဒုဗိုလ်ချုပ်ကြီး ဂွန်မော်အပါအဝင် KPICT နဲ့ CRPH တို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 18 Views
ဩဂုတ်လ (၁)ရက်။ မနေ့က နံနက် (၈)နာရီအချိန်မှာ ကြားကာလ ကချင်နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(KPICT)နဲ့ CRPH တို့ ဗီဒီယိုကွန်ဖရင့်ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်အပါအဝင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေအပြင်
မြန်မာသတင်း

ငြိမ်းချမ်းရေးအတွက် ဖြစ်ချင်တာတွေကို ပြောနေမယ့်အစား ဖြစ်သင့်တာကိုပြောဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 15 Views
ဩဂုတ်လ (၁)ရက်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်သင့်တာကိုပြောဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ကာ/လုံအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ ဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား၊ ဖြစ်သင့်တာတွေကို ပြောပြီး
မြန်မာသတင်း

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို မင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2025 ခုနှစ်၊ ဩဂုတ်လ 1 ရက်
  • 19 Views
ဩဂုတ်လ (၁)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအပါအဝင် မြို့နယ်စုစုပေါင်း (၆၃)မြို့နယ်ကို မင်းအောင်လှိုင်က ကာ/လုံကနေ အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို အရေးပေါ်အခြေအနေကြေညာတာဟာ လက်နက်ကိုင်တိုက်ပွဲတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေတည်ငြိမ်ရေး၊ ‌တရားဥပဒေစိုးမိုးရေးတို့ကို
မြန်မာသတင်း

ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှ မျှော်မှန်းတဲ့ နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ NUG ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်
  • 35 Views
ဇူလိုင်လ (၃၁)ရက်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ဖယ်ရှားနိုင်မှသာ မျှော်မှန်းတဲ့ အနာဂတ် နိုင်ငံတော်သစ် ပေါ်ထွန်းလာမယ်လို့ ဒီကနေ့မှာပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဘယ်နည်းနဲ့ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ဖြစ်ဖြစ်