ဩဂုတ်လ (၁၂)ရက်။
ဒီကနေ့ နံနက် (၂)နာရီခန့်က မိတ္ထီလာသူနာပြုသင်တန်းကျောင်းက သင်တန်းသူတစ်ဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။
“ ဘေးပတ်ဝန်းကျင်က မီးခိုးနံ့ထွက်လာမှ သိရတာ။ မနက် (၂)နာရီဝန်းကျင်လောက်ထင်တယ်။ ရေချိုးခန်းကော အိမ်သာကော တွဲထားတဲ့ အခန်းထဲမှာ တံခါးဂျက်ထိုးပြီး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်း မီးရှို့သတ်သေတာ” လို့ ဆိုပါတယ်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ အမျိုးသမီးဟာ အသက်(၂၀)နှစ်ခန့်အရွယ်ရှိ မပြည့်ပြည့်ဝင်းဆိုသူဖြစ်ကာ ကယားပြည်နယ်ဘက်ကဖြစ်ပြီး သင်တန်းဆင်းဖို့ (၅)လဝန်းကျင်ခန့်သာ ကျန်တော့တာလို့ သိရပါတယ်။
“ အသင်းကိုဆက်သွယ်လာတော့ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အချိန် Dead Body က ပိတ်ခံနေတော့ တံခါးဖွင့်မရဘူး။ မီးကလဲ အကြွင်းအကျန်လောင်နေသေးတယ်။ မီးခိုးထွက်နေတော့ အောက်ဆင်းတဲ့အသင်းသား အသက်ရှုကြပ်မှာဆိုးလို့ DB ကို ဆွဲတင်ပြီးမှ အပေါက်ဖွင့်ရတာ” လို့ ကူညီပေးတဲ့အသင်းက ပြောဆိုထားပါတယ်။
အခုလို ကိုယ့်ကိုယ်ကို ဒီဇယ်လောင်း မီးရှို့ကာ အဆုံးစီရင်ခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းကို မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ကွဲရုံကို အသင်းကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

