နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေက AA တပ်ဖွဲ့ဝင် (၂)ဦးကို သတ်ဖြတ်ပြီး လက်နက်လုယူထွက်ပြေး

စက်တင်ဘာလ (၁၂)ရက်။

စက်တင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန် ရသေ့တောင်မြို့ရှိ ရခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး(၈၀)ခန့်က တရားမဝင် ကျူးကျော်ပြီး ငါးခိုးဖမ်းခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေဟာ ရသေ့တောင်မြို့နယ်ထဲရှိ ကိုးတန်ကောက်ကျေးရွာရဲ့ အနောက်ဘက် (၆.၇၅)ကီလိုမီတာအကွာနဲ့ ချိန်ခါလီရွာရဲ့ အနောက်ဘက် (၆.၇၂)ကီလိုမီတာအကွာမှာ ငါးခိုးဖမ်းခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီငါးခိုးဖမ်းသမားတွေကို AA ရဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ ငါးခိုးဖမ်းဘုတ် (၅)စီးကိုသာ ဖမ်းမိခဲ့ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ည(၇)နာရီအချိန်မှာ ကမ်းစပ်ကို ခေါ်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးလာချိန် ငါးခိုးဖမ်းဘုတ်တွေထဲက ငါးဖမ်းသမားတွေအနေနဲ့ ဟန်ဆောင်လိုက်ပါလာတဲ့ အကြမ်းဖက်သမားတွေဟာ AA ရဲ့ လုံခြုံရေးအရာရှိတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ပြီး လက်နက်တွေပါ လုယူကာ ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ထဲ ထွက်ပြေးသွားခဲ့တယ်လို့ ရေးသားထားပါတယ်။

AA အနေနဲ့ ရခိုင်ရေပိုင်နက်ထဲ တရားမဝင် ကျူးကျော်ဝင်ရောက်ပြီး ငါးခိုးဖမ်းသူတွေကို အကြိမ်ပေါင်းများစွာ ဖမ်းဆီးစစ်ဆေးခဲ့ကာ နှစ်ဖက်အပြန်အလှန် လေးစားမှုနဲ့ ပြန်လွှတ်ပေးပြီး အကြိမ်ကြိမ် သတိပေးခဲ့တယ်လို့ ထုတ်ပြန်တယ်။

အခုတကြိမ်မှာတော့ ရခိုင်ရေပိုင်နက်ထဲ အစုလိုက်အပြုံလိုက် ဗြောင်ကျကျ ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေးဝန်ထမ်းတွေကိုပါ သတ်ဖြတ်ပြီး လက်နက်လုယူတာဟာ အကြမ်းဖက်တဲ့လုပ်ရပ်လို့ AA က ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ရခိုင်ရေပိုက်နက်ထဲ တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူတွေကို ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမယ်လို့လဲ သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့