နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခေတ်မျက်လုံးရဲ့ အပတ်စဥ် နိုင်ငံ‌ရေးဖြစ်စဥ်များကိုဆွေးနွေးတင်ပြခြင်း (၁၆)

+++++++++++++++++++++++++++++++++++++++++++

ဒီအပတ်ခေါင်းစဥ်ကတော့

“လျှို့ဝှက်မှုမဲ့တဲ့လွင်ကိုလတ်

မဲစာရင်းအမှားများနဲ့ဘူးလက်

အာဆီယံအတွက် NUG ရဲ့ကြိုးပမ်းချက်”

တို့ဖြစ်ပါတယ်။

ဒီအပတ် အောက်တိုဘာလ ၁၂ရက်နေ့ မှာ ပစ်မှတ်ဆိုင်ရာ အထူး ထောက်လှမ်းရေး သင်တန်းကို (လွင်ကိုလတ်)က အွန်လိုင်းကနေ သင်တန်းပေးမှာ ဖြစ်သင့်သလားဆိုတာနဲ့ – မဲစာရင်း မှားတဲ့ကိစ္စ ဘူးလက်ကိုပါ ခေါ်စစ်နေတာကို သုံးသပ်ပြောကြားတာအပြင် – မြန်မာ့အကျပ်အတည်း ဖြေရှင်းရေး ကိစ္စကို အာဆီယံ-မလေးရှားနဲ့  NUGအပါအဝင် EROsတချို့နဲ့ CSO/NGO တွေရဲ့ထုတ်ပြန် တောင်းဆိုချက်တွေကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အဓိကထား ဆွေး‌နွေးတင်ပြ သွားမှာဖြစ်ပါတယ်။ Era’s Eye YouTube Channel ကနေမြန်မာစံတော်ချိန်ည၇နာရီခွဲမှာစတင် ပြီး ဆွေး‌နွေးတင်ပြကြမှာဖြစ်လို့စောင့်မျှော် ကြည့်ရှုနိုင်ရန်အသိပေးအပ်ပါတယ်ခင်‌ဗျား။

ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတဦး ဒဏ်ရာရပြီး နေအိမ် (၂)လုံး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၅)ရက်။ မနေ့က ညနေ (၅)နာရီခွဲကျော်အချိန်က မြိုင်နယ်မြောက်ပိုင်း မြောက်ဆည်ရွာအရှေ့ထိပ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရေးမြို့ရှိ စစ်တပ်ရဲ့ ခမရ(၅၉၁)တပ်ရင်း တိုက်ခိုက်ခံရပြီး (၄)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ရေးမြို့ စကခ(၁၈)အောက်ရှိ ခမရ(၅၉၁)တပ်ရင်းကို လက်နက်ကြီး/ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Ramonnya
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က (၃)ကြိမ်တိုက်ခိုက်ခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တပ်မဟာ(၇)ရှိ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်းတွေနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ မနက်က (၇)နာရီ (၁၅)မိနစ်မှာ တကြိမ်၊ (၄၅)မိနစ်မှာ တကြိမ်နဲ့
မြန်မာသတင်း

KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၅)ရက်။ KIO/KIA အနေနဲ့ ခိုင်မာတဲ့ မူဝါဒရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ဂုဏ်ယူတယ်လို့ NUG က ဒီကနေ့ကျရောက်တဲ့ (၆၅)နှစ်မြောက် ကချင်တော်လှန်ရေးနေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုမြန်မာ့နွေဦးတော်လှန်ရေးမှာ KIO/KIA အနေနဲ့
မြန်မာသတင်း

မုံရွာ သက္ကယ်ကျင်းရွာဘုန်းကြီးကျောင်းကို စစ်တပ် ဗုံးကြဲ၊ စစ်ရှောင် (၂)ဦး သေဆုံးပြီး (၆)ဦးထက်မနဲ ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၄)ရက်။ ဒီကနေ့ နံနက် (၅)နာရီခန့်က မုံရွာမြို့ သက္ကယ်ကျင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းထဲကို စစ်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Monywa Revolution ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ နမခကနေတက်လာတဲ့ ပါရာမော်တာတစီးနဲ့
မြန်မာသတင်း

ဖလမ်းမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအပါအဝင် (၃၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 30 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ဖလမ်းမြို့ ကလေး-သိုင်းငင်းလမ်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ သိုင်းငင်းကနေတက်လာတဲ့ စစ်ကြောင်း (၃)ကြောင်းမြောက်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာ။ အဲ့ဒီမှာ ဗိုလ်မှူးအပါအဝင်
မြန်မာသတင်း

အထက်မင်းလှမြို့မှာ စစ်တပ်ရဲ့ ရဲစခန်းနဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၄)ရက်။ အထက်မင်းလှမြို့ စစ်တပ်ရဲ့ ရေနံမရဲစခန်းနဲ့ သရက်-မင်းလှလမ်းပေါ်မှာ လှည့်လည်နေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၂၉)ရက်နေ့ ဘဲ (၇)နာရီအချိန်က အထက်မင်းလှမြို့ ရေနံမရဲစခန်းကို လက်နက်ကြီးတွေနဲ့
မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 35 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတိုင်ပင်ခံကောင်စီကို အစိုးရအဖွဲ့ဖွဲ့ပြီးနောက် သမ္မတဆိုသူက သင့်လျော်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအပါအဝင်