နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာနဲ့ ချောင်းဦးမှာ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ဒေသခံ (၆)ဦးသေဆုံးခဲ့

ဖေဖော်ဝါရီလ (၁၃)ရက်။

မနေ့က ည (၉)နာရီ (၄၅)မိနစ်အချိန်က မုံရွာနဲ့ ချောင်းဦးနယ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက ‌Y-12 ထောက်ပို့လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

“ မုံရွာနဲ့ ချောင်းဦးနယ်က ကျေးရွာတွေကို တံတားဦးကနေတက်လာတဲ့ Y-12 ထောက်ပို့လေယာဉ်နဲ့ (၉)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။‌ လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲ စစ်ရှောင်စခန်းတစ်ခုလဲပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မုံရွာနဲ့ ချောင်း‌ဦးနယ်က သစ်စိမ့်ရွာ၊ ညောင်ဖြူပင်ရွာနဲ့ ကုလားကြီးစစ်ရှောင်စခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ (၆)ဦးသေဆုံးပြီး (၂၀)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးခဲ့သူတွေဟာ သစ်စိမ့်ရွာက အသက်(၅၀)ခန့်ရှိ အမျိုးသမီးတစ်ဦး၊ ညောင်ဖြူပင်ရွာနဲ့ အသက်(၄၀)နဲ့ (၅၀)ခန့်ရှိ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးအပြင် ကုလားကြီးရွာစစ်ရှောင်စခန်းက (၃)ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီကြဲချခဲ့တဲ့ဗုံးဟာ ကုလားကြီးစစ်ရှောင်စခန်းရှိ စစ်ရှောင်တဲပေါ် ကျရောက်ခဲ့ပြီး မိသားစုတစ်စုဖြစ်တဲ့ အသက်(၅)နှစ်နဲ့ (၈)နှစ်အရွယ် ကလေး (၂)ဦးအပါအဝင် အသက် (၇၀)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြောဆိုထားပါတယ်။

နောက်ပြီး ဒီကနေ့ နံနက် (၅)နာရီဝန်းကျင်ကစပြီး မုံရွာနဲ့ ချောင်းဦးနယ်အစပ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ (၉)ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့လဲ သိရပါတယ်။

“ ညက မုံရွာနယ်တောင်ခြမ်းနဲ့ ချောင်းဦးနယ်မြောက်ခြမ်းက နေရာကို လေကြောင်းကနေ (၉)ကြိမ်နဲ့ ဗုံးအလုံးရေ (၃၀)အထိ ကြဲချခဲ့တာ။ ဒီမနက် (၅)နာရီကနေစပြီးလဲ မုံရွာတောင်ခြမ်းနဲ့ ဆားလင်းကြီးနယ်ကို (၉)ကြိမ်နဲ့ ဗုံးအလုံးရေ စုစုပေါင်း (၄၈)လုံး ထပ်ကြဲသွားတယ်” လို့ ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းပြော

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 4 Views
ဧပြီလ (၄)ရက်။ သမ္မတအနေနဲ့ ရွေးချယ်ခံရတဲ့ မင်းအောင်လှိုင်ဟာ ဗုဒ္ဓဘာသာ သာသနာ့ဒါယကာဆိုပြီး စောမြရာဇာလင်းရဲ့ ALP ပါတီက ဝမ်းမြောက်သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

မင်းအောင်လှိုင် သမ္မတ ရွေးချယ်ခံရတာကို UWSA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 13 Views
ဧပြီလ (၂)ရက်။ မင်းအောင်လှိုင် သမ္မတ‌အနေနဲ့ ရွေးချယ်ခံရတာကို “ ဝ” တပ်ဖွဲ့ UWSA က ပထမဦးဆုံး ဂုဏ်ပြုသဝဏ်လွှာ
မြန်မာသတင်း

ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
ရန်ကုန်မှာ “ လူ့ပလ္လင် ခွေးတက်” တဲ့ လှုပ်ရှားမှုတခု ပြုလုပ် ဧပြီလ (၃)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ “ တောက် …. လူ့ပလ္လင် ခွေးတက်လေခြင်း” ဆိုတဲ့ လှုပ်ရှားမှုကို Yangon Revolution
မြန်မာသတင်း

သမ္မတရွေးပွဲ မင်းအောင်လှိုင် မဲအပြတ်အသတ်နဲ့ အနိုင်ရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 51 Views
မင်းအောင်လှိုင်ရဲ့ သမ္မတအိပ်မက် ပြည့်ဝလာ ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဒုသမ္မတ (၃)ဦးထဲက မဲခွဲသမ္မတရွေးချယ်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ သမ္မတရွေးချယ်ပွဲကို လွှတ်တော်ကိုယ်စားလှယ် (၅၈၆)ဦးထဲက (၅၈၄)ဦး
မြန်မာသတင်း

စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ် (၁၂၀၀၀၀)ကျော် မီးရှို့ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
ဧပြီလ (၂)ရက်။ စစ်အာဏာသိမ်း (၅)နှစ်ကျော်ကာလထဲ အရပ်သားနေအိမ်ပေါင်း (၁၂၅,၃၂၈)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစာရင်းတွေထဲ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်ပေါင်း (၁၂၁,၄၈၅)လုံး
မြန်မာသတင်း

ရေနံမှော်ဒေသကို NUG တပ်တွေ အင်အားသုံး ဝင်ရောက်တဲ့အပေါ် ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
ဧပြီလ (၃)ရက်။ ပေါက်နဲ့ မြိုင်ရှိ ရေနံမှော်ဒေသကို NUG တပ်ဖွဲ့တွေ အင်အားရာနဲ့ချီသုံးပြီး ဝင်ရောက်လာတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။ “ NUG ညွှန်ကြားချက်နဲ့ဆိုပြီး ရေနံမှော်ဒေသကို အင်အားရာချီသုံးပြီး ဝင်လာတာ။ ဒါ့ကြောင့် မနေ့ကလဲ
မြန်မာသတင်း

ရက်စက်ကြမ်းကြုတ်သော ပြည်တွင်းစစ်ကို စတင်ခဲ့သည့် မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင် သမ္မတဖြစ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရ အပေါ် အာဏာသိမ်းရန် ကံကြမ္မာဆိုးသောအဆုံးအဖြတ်ကို ချမှတ်ခဲ့ပြီး ခုနစ်ရက်အကြာတွင် ဗိုလ်ချုပ်မှူးကြီး
မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 32 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက  တော်လှန်ရေးနဲ့ ပြည်သူလူထုကို မထိခိုက်စေတဲ့ နည်းလမ်းတွေနဲ့