ဘင်္ဂလားဒေ့ရှ်ကြက်ခြေနီအသင်းက အင်အားပြင်းငလျင်ကြီးဒဏ်သင့်သူတွေအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းထံကို မနေ့က ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းမှာ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံး၏ သံအမတ်ကြီး ဒေါက်တာမွန်ဝါဟိုဆန် (Dr. Md Monwar Hossain) က ရှင်းလင်းပြောကြားခဲ့ပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ပုံး (၈၀၀) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အလုပ်အမှုဆောင်ပါမောက္ခဒေါက်တာတင်မောင်လှိုင်ထံကို လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတွေကို အင်အားပြင်းငလျင်ကြီးဒဏ်သင့်သူတွေ လက်ဝယ်ရောက်ရှိစေဖို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
