မေလ (၁၃)ရက်။
ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ည(၁၂)နာရီ (၄၅)မိနစ်အချိန်မှာ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံးကြဲသွားတာ။ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရတာရှိတယ်” လို့ ဆိုပါတယ်။
မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ကြဲချခဲ့ကာ အရပ်သား (၁)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် (၂၇)လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး မနေ့က ည (၇)နာရီ (၄၀)မိနစ်အချိန်က မိုင်းငေါ့မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ (၂)ကြိမ် ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့ကာ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ညီနောင်(၃)ဖွဲ့အနေနဲ့ ငလျင်ကြောင့် အပစ်ရပ်ကာလကို (၁)လ ထပ်တိုးထားကာ စစ်ကောင်စီဘက်ကလဲ သက်တမ်း (၁)လ ထပ်တိုးတယ်လို့ ကြေညာထားပေမယ့် တအာင်းပြည်ထဲ နေ့တိုင်း တိုက်ခိုက်တာတွေ ပြုလုပ်နေတာပါ။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီက အပစ်ရပ်ထားပေမယ့် နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုရ်တာတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ အသိပေးထားတယ်လို့ သိရပါတယ်။


