နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

အလက်စကာတွင် ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲသည် ယူကရိန်းအတွက် တဖြည်းဖြည်း ရှုံးနိမ့်လာခြင်းနှင့်တူသည်။

တည်နေရာသည် အရေးပါသည်ဟု အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်း အမေရိကန်သမ္မတ ‌ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။ သိပ်မကြာခင်မှာပဲ လွန်ခဲ့သည့် ၁၅၈ နှစ်က ရုရှားက အမေရိကန်ကို ဒေါ်လာ ၇.၂ သန်းနှင့် ရောင်းချခဲ့သည့် အာလာစကာပြည်နယ်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရာစုနှစ်တစ်ခု၏ မြေယာသဘောတူညီချက်အဖြစ် သူမသိမ်းပိုက်ရသေးသည့်မြေကွက်များကို ကိ့ဗ် (Kyiv) ကို ပေးရန်ကြိုးစားခဲ့ပါသည်။

သောကြာနေ့ ထိပ်သီးစည်းဝေးပွဲနှင့် ပတ်သက်သည့် အခြေအနေများသည် မော်စကိုအား အလွန်မျက်နှာသာ ပေးထားသောကြောင့် ပူတင်သည် လအတန်ကြာ အတုအယောင် စေ့စပ်ညှိနှိုင်းမှုအပြီးတွင် အခွင့်အရေးကို ခုန်တက်ရယူခဲ့သည်၊ နှစ်နိုင်ငံ သဘောတူညီချက်မှ ယူကရိန်းကို မထိခိုက်စေရန် မည်သို့ အဖြေထွက်လာမည်ကို မြင်တွေ့ရန် ခက်ခဲသည်။

ကိ့ဗ်နှင့် ၎င်း၏ဥရောပမဟာမိတ်များသည် အပစ်အခတ်ရပ်စဲရေးအတွက် အလဲအလှယ်လုပ်ရန်အတွက် ထရန့်၏ သံတမန် စတိ့ဗ် ဝတ်ကော့ဖ်၏ အစောပိုင်းစိတ်ကူးများတွင် ယူကရိန်းမှ ဒွန်းနက်ခ် (Donetsk) နှင့် လူဟန့်ခ် (Luhansk) ဒေသများကို အပစ်အခတ်ရပ်စဲရေးအတွက် စွန့်လွှတ်ပေးလိုက်ရန် ထိတ်လန့်စေခဲ့သည့်အဆိုကို ပြုခဲ့သည်။

ပုံမှန်အားဖြင့် ကရင်မလင် အကြီးအကဲသည် တိုက်ပွဲမလုပ်ဘဲ မြေကိုသိမ်းရန် စိတ်ကူးကို မြှင့်တင်ခဲ့ပြီး ဝတ်ကော့ဖ်ကဲ့သို့ ထိုအတွေးကို လက်ခံသောသူကိုတွေ့ရှိခဲ့သည်။ ဝတ်ကော့ဖ်သည် ယခင်ကလည်း ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် ရှုပ်ထွေးမှုများကို အကြောင်းပြ၍ ဝတ်ကော့ဗ်က ယူကရိန်းအား လေးနှစ်အကြာ ကျူးကျော်ခံရပြီးနောက် လူများစွာသည် မြို့ကိုခုခံရင်း သေဆုံးနေခဲ့ရသောကြောင့် မြို့ကိုစွန့်ခွာပြီးထွက်သင့်ကြောင်း ပြောဆိုခဲ့သည်ကို တွေ့ရှိခဲ့သည်။

ဝတ်ကော့ဗ် ၏ အဆိုပြုချက်ကြောင့် မည်သို့မည်ပုံ ဖြစ်လာမည်ကို ဆင်ခြင်သုံးသပ် သင့်သည်။ ရုရှားသည် အဓိကကျသော ဒွန်းနက်ခ် (Donetsk) ဒေသ မြို့နှစ်မြို့ဖြစ်သည့် Pokrovsk နှင့် Kostiantynivka တို့ကို ဝန်းရံရန် နီးကပ်နေပြီး မကြာမီ သီတင်းပတ်များအတွင်း အဆိုပါ အချက်အချာကျသော နေရာနှစ်ခုကို ခုခံနေသည့် ယူကရိန်းတပ်များကို ထိထိ ရောက်ရောက် ဝန်းရံပိတ်ဆို့ထားနိုင်တော့မည်ဖြစ်သည်။ ဤမြို့နှစ်မြို့ကို ရုရှားလက်ထဲသို့ လက်လွှတ်ပေးလိုက်ခြင်းသည် ရှေ့လများတွင် လူအင်အားကို ထိန်းထားရန် ကိ့ဗ်မှ လုပ်ဆောင်သည့်အရာ ဖြစ်နိုင်သည်။

ဒွန်းနက်စ် ၏ကျန်သောမြို့များ – အဓိကအားဖြင့် ကာမာတရော့ခ် (Kramatorsk) နှင့် စလိုဗန့်ခ် (Sloviansk) မြို့များ – သည် ပိုမိုဆိုးရွားသော အလားအလာဖြစ်သည်။ ထောင်နှင့်ချီသော အရပ်သားများသည် ယခုအချိန်တွင် ထိုမြို့များတွင် နေထိုင်နေကြပြီး မော်စကိုသည် မြို့များမှ လူများ ဘေးလွတ်ရာ ဆုတ်ခွာထွက်နေသည့် မြင်ကွင်းများကို နှစ်သက်နေ ကြမည်ဖြစ်ပြီး ရုရှားတပ်များက ပစ်ခတ်ခြင်း မရှိဘဲ ဝင်ရောက်လာနေကြသည်။

စနေနေ့အစောပိုင်းတွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက နယ်မြေခွဲပေးခြင်းကို ငြင်းပယ်လိုက်ခြင်းသည် မိမိ ယူကရိန်းပြည်သူများအပေါ် ညစဉ်ညတိုင်း ဗုံးကြဲတိုက်ခိုက် နေသော ၎င်းတို့၏အိမ်နီးချင်းကို နက်နက်ရှိုင်းရှိုင်း မယုံကြည်မှုကို ဖော်ပြခဲ့ပြီး စစ်ပွဲကို စီမံကြိုးပမ်းခန့်ခွဲနေသည့် ၎င်း၏စစ်တပ်၏ စစ်ဦးစီးချုပ်တစ်ဦး၏‌ဒေါသနှင့် တကယ့်အကျပ်အတည်းကို ထင်ဟပ်စေသည်။

ထရန့် ရည်ညွှန်းသော “ လဲလှယ်ခြင်း” တွင် ယူကရိန်းက ဘာပြန်ရနိုင်မလဲ။

ပူတင်၏ “ကြားခံဇုန်” အဖြစ် ပြောနေသော ဆူမီ (Sumy) နှင့် ခါကိ့ဗ်(Kharkiv) ဒေသများရှိ သေးငယ်သော ရုရှားက သိမ်းပိုက်ထားသောနေရာသည် အမှန်တကယ်တော့ ဘာမှမရှိချေ။

အဓိက ရည်မှန်းချက်က အပစ်အခတ်ရပ်စဲရေးဖြစ်ပြီး ထိုအချက်ကိုဆွဲဆန့်ထားနိုင်ရေးပင်ဖြစ်သည်။ အမေရိကန်၊ ဥရောပနှင့် ယူကရိန်းတို့က လအတန်ကြာ တောင်းဆိုထားသော ချက်ချင်း အပစ်အခတ်ရပ်စဲရေး လုပ်ရန်ကိစ္စသည် ပူတင်အတွက် စောင့်ကြည့်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သောကြောင့် အပစ်ရပ်ရန် မဖြစ်နိုင်ဘဲ ရှိခဲ့သည်။

ယခုအခါ သူ့တပ်များသည် အရှေ့ဘက်ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကျော်၍ လာနိုင်ပြီဖြစ်သည့်အတွက် စိတ်ပြောင်းသွားဖွယ်မရှိပေ။

ဥရောပသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နဗီးလ်ချိန်ဘာလိန်၏ ၁၉၃၈ ခုနှစ်တွင် နာဇီဂျာမနီကိုဆန့်ကျင် ရပ်တည်ရန် ပျက်ကွက်ခဲ့ ရောင်ပြန်ဟပ်နိုင်မည့် အခြေအနေကို လည်း သတိထားနေပါသည်။ ကရင်မလင်က တန်ဖိုးမရှိသည့် စာချုပ်ကို လက်မှတ်ရေး ထိုးခဲ့ပြီး ထပ်ခါတလဲလဲ ယူကရိန်းနှင့် သဘောတူညီချက်များပေးခဲ့ပြီး ထပ်မံကျူးကျော်ခြင်း မပြုမီ ပြန်လည်စုဖွဲ့ရန် ခေတ္တစစ်ကို ရပ်ထားလေ့ရှိသည်။

ပူတင်သည် အစကတည်းက သူလိုချင်သောအရာကို ရှင်းရှင်းလင်းလင်း ထုတ်ပြခဲ့ပြီး ယူကရိန်းအားလုံးကို သူ့လက်အောက်ခံ သို့မဟုတ် သိမ်းပိုက်ခံအဖြစ်ထားပြီး အမေရိကန်နှင့် ဗျူဟာမြောက် ပြန်လည်သတ်မှတ်မှုကို ပြုလုပ်ကာ ယူကရိန်းကို ကျောက်တုံးကဲ့သို့ လွှတ်ချလိုက်စေမည့်အချက်တို့ ပါဝင်သည်။

၎င်း၏လက်ထောက် ယူရီ ဥရှကော့ဗ် (Yury Ushakov) က အလာစကာသည် ဝါရှင်တန်နှင့် မော်စကိုကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သောနေရာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရုရှားတွင် ပြန်လည်တွေ့ဆုံဆွေးနွေးရန်ကိုလည်း အဆိုပြုထားပြီးဖြစ်ကြောင်း အကြံပြုခဲ့သည်။

ထရန့်နှင့် ပူတင်တို့အကြား ရင်းနှီးသောဆက်ဆံရေးမှ အမေရိကန်သမတကို သူတို့၏ဝန်ထမ်းများ အကြားမည်သည့်အချက်အပေါ်မှာနှင့် မည်သည့်အချိန်မှာ မည်သို့သော အပစ်ရပ်ရေးကို သဘောတူမည်ဆိုသည့် နည်းလမ်းပိုင်း ဆိုင်ရာပုံစံချထားသည့် တွေ့ဆုံမှုများကို ထရန့်အနေနှင့် ပိုမိုသည်းခံနိုင်စေမည့် အန္တရာယ် ရှိပါသည်။

မြေယာလဲလှယ်မှု သို့မဟုတ် သိမ်းယူမှုဆိုင်ရာ အစီအစဉ်သည် မော်စကို၏သဘောဆန္ဒကို လုံးလုံးလျားလျား မျက်နှာသာပေးပြီးနောက် ကိ့ဗ်ကို အသိပေးသည့်အခါ “ထောက်ပံ့တာနဲ့ ထောက်လှမ်းရေး အချက်အလက် မျှဝေတာတွေရဖို့ ငါတို့ညှိထားတာကို မင်းတို့ သဘောတူလိုက်လို့” ယခင်က တွေ့မြင်ခဲ့ရသည့် အမေရိကန်၏ရာဇသံဟောင်းနှင့် ဖိအားပေးမည်ဖြစ်သည်။ ပြင်သစ်သမ္မတ မက်ခရွန်က ထရန့်ကို နောက်တစ်ကြိမ် ဖုန်းပြောပြီး ဆွေး‌နွေးသည့်အခါ ထရန့်က လှည့်ပတ်ပြောနေပြီး ပူတင်ကလည်း ယူကရိန်းနယ်မြေများကို ဆက်လက်သိမ်းပိုက်ရန် အချိန်ပိုလိုအပ်နေပြီး ၎င်းလိုအပ်ချက်ကို ရတော့မည် ဖြစ်သည်။

ဇလန်းစကီးနှင့် ဘဲဥပုံရုံးခန်းတွင်း အချင်းများခဲ့သည့်အချိန်တွင် ထရန့်၏ အတွေးအမြင်သည် ရုရှား၏ ပြောဆိုခဲ့မှုကို ယုံကြည်ပြီး ထိုနောက်သို့ လိုက်ပါသွားခဲ့သည်ကို တွေ့မြင်ရသည်။

ထရန့်က ထိုသို့ သိရှိပြီးနောက်ပိုင်း ဘာတွေပြောင်းလဲသွားသနည်း။ အဲဒီတုန်းက မရှိခဲ့တဲ့ အချက်နှစ်ချက်ရှိသည်။

ပထမဦးစွာ၊ ကျွန်တော်တို့အနေနှင့် တရုတ်နဲ့အိန္ဒိယကို လျစ်လျူရှု၍ မရပါ။ နှစ်ပတ်အတွင်း အခွန် ၂၅% ပေးဆောင်ရမည်ကို အိန္ဒိယက ရင်ဆိုင်ခဲ့ပြီး တရုတ်သည် ရက်သတ္တပတ်များအတွင်း မည်ကဲ့သို့ ထိခိုက်နစ်နာမည်ကို သိရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ကာ အိန္ဒိယနှင့် တရုတ်တို့သည် လွန်ခဲ့သည့်ရက်များက ကရင်မလင်သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။ ၎င်းတို့သည် ထရန့်နှင့်တွေ့ဆုံရန် ပူတင်အတွက် တွန်းအားအချို့ ပေးကောင်း ပံ့ပိုးပေးနိုင်သည် သို့မဟုတ် အနည်းဆုံး သံတမန်ရေးအရ ထပ်မံ၍ အားပေးမှုပေးကာ ထရန့်၏ ဒုတိယ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ၎င်းတို့၏ စွမ်းအင် တင်သွင်းမှုများကို အပေးအယူလုပ်မည်ကို စိုးရိမ်နေပေမည်။

သို့သော် ယူကရိန်းငြိမ်းချမ်းရေးအတွက် လမ်းစတစ်ခုအဖြစ် နှစ်ဘက်တွေ့ဆုံပွဲကျင်းပရန် အမေရိကန်သို့ တရားဝင်ဖိတ်ကြားမှုကို သဘောတူရန်အတွက် ပူတင်အား များစွာ ဆွဲဆောင်ရန် မလိုအပ်ပေ။ သောကြာနေ့၏ နောက်ထပ်ပိတ်ဆို့မှုနောက်ဆုံးရက်သည် အလက်စကာနှင့် မြေယာသဘောတူညီချက်များအကြောင်းကြောင့် သတိမပြုမိလုနီးပါးဖြင့် ကျော်ဖြတ်သွားခဲ့သည်။

ဒုတိယအနေဖြင့်၊ ထရန့်သည် ပူတင်နှင့်ပတ်သက်ပြီး သူ၏တွေးခေါ်မှု တိုးတက်ပြောင်းလဲလာသည်ဟု ပြောကြားခဲ့သည်။ “စိတ်ပျက်စရာ၊” “ရွံရှာဖွယ်၊” “ငါ့ကို လှည့်စားတယ်” စသည့် တို့သည် ကရင်မလင်ခေါင်းဆောင်နှင့်ပတ်သက်သော သူ၏အဘိဓာန်ထဲတွင် အသစ်ဝင်လာသည့်အရာများ ဖြစ်သည်။ ထရန့်သည် မော်စကိုအတွက် စစ်မှန်သော နာကျင်မှုကို ဖြစ်စေသော ခြိမ်းခြောက်မှုများနှင့် သတ်မှတ်ရက်များကို သူ့ပတ်ဝန်းကျင်တွင် အသက်မဲ့စေမည့် သူ့ကိုယ်သူ မစိုက်ထုတ်ဘဲ ရပ်တန့်နိုင်သော်လည်း သူအရင်က ဖြတ်သန်းခဲ့သည့် ဤလမ်းများထက် မည်မျှဝေးကွာသည်ကို သတိရစေမည့် မဟာမိတ်များနှင့် ရီပတ်ဘလစ်ကန်များက ဝန်းရံထားသည်။

အများကြီး မှန်သွားနိုင်သည်။ သို့သော်လည်း ပိုဆိုးသည့်အရာတစ်ခုအတွက် စင်မြင့်တစ်ခုကို သတ်မှတ်ထားသည်။ ပူတင်၏ သဘောထားကို ခဏလောက် စဉ်းစားကြည့်ပါ။ တတိယအချက်မှာ ထရန့်၏ ပိတ်ဆို့အရေးယူမှု ခြိမ်းခြောက်မှုတို့မှာ အငွေ့ပျံသွားကာ ပူတင်၏တပ်ဖွဲ့များသည် ရှေ့တန်းတွင် ဗျူဟာမြောက် အမြတ်ထုတ်သည့် ကာလတစ်ခုသို့ ရွေ့လျားနေသည်။

ယူကရိန်းမပါသည့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဆယ်စုနှစ်တစ်ခုအတွင်း အမေရိကန်ကို သူ့အနေနှင့် ပထမဆုံးဖိတ်ကြားချက်ရခဲ့ပြီး၊ သူလိုချင်သည့် ယူကရိန်းပိုင် နယ်မြေတချို့ရရှိရန် တိုက်ပွဲဝင်စရာမလိုသည့် သဘောတူညီချက်ကို ဆွေးနွေးခဲ့ပါသည်။ ၎င်းသည် ယခင် KGB သူလျှိုဟောင်းပူတင်က ထရန့်အပေါ် သူ၏ ထင်သာမြင်သာသော မှော်အတတ်ကို လုပ်ဆောင်ခြင်း မပြုမီဖြစ်သည်။

သောကြာနေ့သည် ခြောက်ရက်သာဝေးသော်လည်း ဤအကွာအဝေးတွင်ပင် ကိ့ဗ်အတွက် ရှုံးနိမ့်မှုပင် ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 5 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 8 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 27 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)
နိုင်ငံတကာသတင်း အမေရိကန်

တရားသူကြီးများအပေါ် ရန်လိုတိုက်ခိုက်မှုများ ‘ရပ်တန့်ရန် လိုအပ်ပြီ’ ဟု တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 23 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် တရားစီရင်ရေးကဏ္ဍအပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများ မပြုလုပ်ရန် တရားသူကြီးချုပ် ဂျွန်ရောဘတ်စ် (John Roberts) က သတိပေးလိုက်ပြီး၊ တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် ဝေဖန်ခြင်းမှာ သင့်လျော်သော်လည်း
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်အစိုးရ၏ လုပ်ရပ်များကြောင့် အစ္စရေး၏ ကျဆင်းနေပြီးသား ပုံရိပ်ကို မည်သို့ ထိခိုက်စေနိုင်သနည်း

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၀ရက် သမ္မတ ဒေါ်နယ်ထရန့်သည် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးအတွက် မကောင်းသော အချိန်အခါမျိုးတွင် အစ္စရေးနှင့် ပူးပေါင်းကာ အီရန်စစ်ပွဲကို စတင်ခဲ့သည်။ ပထမဆုံး တိုက်ခိုက်မှုများ မပြုလုပ်မီ တစ်ရက်အလိုတွင် Gallup