နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

စဉ့်ကူးမြိုမှာ ပြည်သူနဲ့ ပြဿနာအချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူမယ်လိုဆို

အောက်တိုဘာလ (၁၃)ရက်။

စဉ့်ကူးမြိုနယ်မှာ Starlink Internet နဲ့ပတ်သက်ပြီး ပြည်သူနဲ့ ပြဿနာ အချေအတင်ဖြစ်တဲ့ ရဲဘော်တွေကို အရေးယူသွားမယ်လို NUG မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ အောက်တိုဘာလ (၁၁)ရက်နေ့က စဉ့်ကူးမြိုနယ်ရှိ ကျေးရွာတရွာမှာ စည်းမျဉ်းစည်းကမ်းနဲ့အညီ အသုံးမပြုတဲ့ Starlink Internet ကို သိမ်းဆည်းဖို MDY-PDF ရဲ့ မြိုနယ်ပကဖနဲ့ ပလဖ ပူးပေါင်းအင်အား (၅)ဦးက သွားရောက်ခဲ့တာလို ဆိုပါတယ်။

အဲ့ဒီလိုသွားရောက်ချိန် စည်းကမ်းချိုးဖောက်တဲ့ နေအိမ်က တာဝန်ရှိသူတဦး လာရောက်သိမ်းဆည်းဖို ပြောဆိုခဲ့တာကြောင့် အရေးပေါ်အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတဦးနဲ့ ပူးပေါင်းတပ်ဖွဲအင်အား (၁၂)ဦးခန့်က ထပ်မံသွားရောက်ခဲ့တယ်လို ဖော်ပြထားပါတယ်။

နေအိမ်ကိုရောက်ရှိချိန် အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကာ ဖြစ်စဉ်ထဲ တာဝန်ကျရဲဘော်တွေက အရင်ဆုံး ကောင်းမွန်စွာ ပြောဆိုရှင်းပြခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည်သူအပေါ် ကျင့်ဝတ်တွေ ချိုးဖောက်ပြီး စိတ်လိုက်မာန်ပါ ပြုမူခဲ့တာကို စိတ်မကောင်းစွာ တွေ့ရတယ်လို ရေးသားထားပါတယ်။

ဒါ့ကြောင့် ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ကျရဲဘော်တွေရဲ့ ပြည်သူအပေါ် ဆက်ဆံပြုမူရမယ့် စည်းကမ်းနဲ့ ကျင့်ဝတ်တွေကို ချိုးဖောက်ခဲ့တဲ့အတွက် သတိပေးအရေးယူသွားမှာဖြစ်သလို စည်းကမ်းချိုးဖောက်တဲ့ Starlink Internet စက်ပိုင်ရှင်ကိုလဲ အရေးယူသွားမယ်လို ပြောဆိုထားပါတယ်။

နောက်ပြီး မြိုနယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲအနေနဲ့ မြိုနယ်ထဲ လုံခြုံရေးနဲ့ တရားဥပဒေစိုမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သတင်းပေါက်ကြားပြီး လေကြောင်းတိုက်ခိုက်တာတွေ ဖြစ်ပွားနေတာကြောင့် အခုနှစ် မတ်လ (၁၆)ရက်ကစပြီး Starlink Internet အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ပြီး အရေးယူနေတယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စဉ့်ကူးမြိုနယ်ရဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေ၊ ပညာရေးနဲ့ ဒေသထဲ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းကို NUG ရဲ့ လမ်းညွှန်ချက်နဲ့ အကောင်အထည်ဖော်နေတယ်လို အသိပေးထားပါတယ်။

အခုဖြစ်စဉ်အတွက် ပြည်သူလူထု စိတ်အနှောင့်အယှက်ဖြစ်ရတဲ့အပေါ် များစွာ စိတ်မကောင်းဝမ်းနည်းရပြီး နောက်နောင် အခုဖြစ်စဉ်တွေ ထပ်မဖြစ်စေဖို အထူးအလေးပေး ဆောင်ရွက်သွားမယ်လို ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုကို သင်ခန်းစာယူဖို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရကို ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 12 Views
ဒီဇင်ဘာလ (၂၄)ရက်။ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအနေနဲ့ NUG ရဲ့ အောင်မြင်မှုတွေနဲ့ ကျရှုံးမှုတွေကို သင်ခန်းစာယူဖို့ ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က
မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 11 Views
မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း The Nation –၂၀၂၅
မြန်မာသတင်း

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် ရထားသံလမ်းဖြတ်ကူးသည့် ဆင် ၇ ကောင်အား အမြန်ရထားတိုက်မိ၍ သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 31 Views
CNN- ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ဂူဝါဟာတီ၊ အိန္ဒိယနိုင်ငံ (AP) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင် စနေနေ့အစောပိုင်းက ရထားသံလမ်းကို ဖြတ်ကူးနေသည့် ဆင်အုပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ခရီးသည်တင်ရထားတစ်စီးက တိုက်မိခဲ့ရာ
မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 41 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လှည်းကူး ကျောက်အိုင်ရွာ က အုပ်ချုပ်ရေးမှူးရုံးမှာ စခလက်ပါးစေ အုပ်ကြီးနဲ့
မြန်မာသတင်း

ဧရာဝတီတံတား(ရတနာသိင်္ခ)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 34 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း စဉ့်ကူးမြို့နဲ့ စစ်ကိုင်းတိုင်း ကျောက်မြောင်းမြို့တို့ကို ဆက်သွယ်ထားတာဖြစ်ပြီး တော်လှန်ရေးတပ်တွေက စဉ့်ကူးမြို့ ဘက်အခြမ်းကို ထိန်းချုပ်နိုင်ခဲ့တာပါ။
မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ စကစက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းအနောက်ခြမ်း နတ်အင်းရွာစာသင်ကျောင်းကို လေကြောင်းဗုံးကြဲသွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ရဲ့ အကြမ်းဖက်သမားတွေအနေနဲ့ ကြေညာခံရသူတွေဟာ မင်းအောင်လှိုင်၊ စိုးဝင်း၊ ညိုစော၊ အောင်လင်းဒွေး၊
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ