နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ဖို နိုင်ငံတကာကို အပစ်ရပ်လက်မှတ်ထိုးခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ (၆)ဖွဲ တိုက်တွန်း

အောက်တိုဘာလ (၁၃)ရက်။

စစ်အုပ်စုရဲ့ NCA အခမ်းအနားကို မတက်ရောက်ဖို ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို အပစ်ရပ်လက်မှတ်ရေးထိုးခဲ့တဲ့ KNU၊ CNF၊ ABSDF၊ PNLO၊ NMSP(AD)နဲ့ LDU တိုက ဒီကနေ့မှာ တိုက်တွန်းထားတယ်လို သိရပါတယ်။

စစ်တပ်ရဲ့ အာဏာသိမ်းတာဟာ NCA စာချုပ်ကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်တာဖြစ်ပြီး NCA အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ် ရပ်ဆိုင်းကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိ‌သွားစေတယ်လို ဆိုပါတယ်။

NCA စာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်တဲ့ စစ်အုပ်စုဟာ ပြည်သူကို ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာသာမက လေကြောင်းအပါအဝင် အကြမ်းဖက်သတ်ဖြတ်တာတွေ နေ့တိုင်းကျူးလွန်နေချိန်မှာပဲ NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ဖို ပြင်ဆင်နေတယ်လို ဖော်ပြထားပါတယ်။

နောက်ပြီး စစ်အုပ်စုရဲ့ NCA အမည်ခံတဲ့ လုပ်ငန်းစဉ်တွေနဲ့ အတုအယောင် ရွေးကောက်ပွဲတိုဟာ စစ်အာဏာရှင်တွေက နိုင်ငံကို တသက်လုံးထိန်းချုပ်နိုင်ဖို တရားဝင်မှုရရှိဖို ကြိုးပမ်းတာဖြစ်ပြီး ပဋိပက္ခတွေသာ ပိုပြီး ရှည်လျားစေမယ်လို ရေးသားထားပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုရဲ့ ဟန်ပြလုပ်ငန်းစဉ်တွေမှာ ပါဝင်တာဟာ နိုင်ငံနဲ့ ဒေသထဲမတည်ငြိမ်တာကို ဖန်တီးနေတဲ့ စစ်အုပ်စုကို ထောက်ခံရာကျတဲ့အတွက် NCA အခမ်းအနားကို မတက်ရောက်ဘဲ ပြည်သူနဲ့အတူ ရပ်တည်တာကို ပြသဖို ထည့်သွင်းတိုက်တွန်းထားပါတယ်။

ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲတွေအနေနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေဖို လမ်းစဖြစ်တဲ့ စစ်တပ်က နိုင်ငံရေးမှာ မပါဝင်စေဖို၊ ပဋိပက္ခထဲ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိဖိုနဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲစည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲနိုင်ဖိုအတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲတွေနဲ့အတူ တိုက်ပွဲဝင်နေမှာဖြစ်တယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 28 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့